ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီးမော့ဆို စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေ
ဒီးမော့ဆို စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေ
စစ်တပ်ပြန်သိမ်းလိုက်တဲ့ ဒီးမော့ဆိုမြို့ဟာ တိုက်ပွဲတွေစဖြစ်ကတည်းက လူနေထိုင်မှု မရှိဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ ဒါပေမဲ့ ဒီးမော့ဆိုအရှေ့ခြမ်းနဲ့ အနောက်ခြမ်းအပါအဝင် နေရာအစုံ ဘေးလွတ်ရာကို နှစ်နဲ့ချီ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အုပ်ချုပ်ရေးနဲ့ ထောက်ပံ့ရေးတွေမှာ အခက်အခဲရှိသွားနိုင်တယ်လို့ ကူညီနေသူတွေကပြောပါတယ်။ လက်ရှိ ဒီးမော့ဆိုမြို့တစ်ဝိုက် ဘယ်လိုအခြေအနေရှိနေလဲ။ ဒီအကြောင်း ကိုကျော်ဇေယျက စုစည်းပြောပြပေးမှာပါ။