ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်း ဗီဇာလျှောက်ထားမှု ပိုများလာ
ထိုင်း ဗီဇာလျှောက်ထားမှု ပိုများလာ
အရွယ်ရောက်ပြီးသူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက လူငယ်အများအပြားဟာ ပြည်ပကို ထွက်ခွာဖို့ စုံစမ်းကြိုးပမ်းမှုတွေ လုပ်ဆောင်လာနေကြပါတယ်။ တရားဝင် လမ်းကြောင်းကရော တရားမဝင် လမ်းကြောင်းတွေကနေပါ ထွက်ခွာဖို့ ကြိုးစားမှုတွေ များပြားလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ဗီဇာလျှောက်ထားမှုတွေလည်း အများအပြား ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန် ထိုင်းဗီဇာရုံးရှေ့ကနေ ကိုသူရက အခုလို သတင်းပို့ထားပါတယ်။