လားရှိုးမြို့ထဲ စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့တွေ ဝင်ရောက်

လားရှိုးမြို့ထဲ စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့တွေ ဝင်ရောက်

လားရှိုးမြို့ကနေ ကိုးကန့်တပ် MNDAA အဖွဲ့ဝင်တွေ ဆုတ်ခွာသွားပြီး စစ်ကောင်စီနဲ့ သူ့ရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေဟာ ဒီကနေ့မှာ မြို့တွင်းကို ပြန်လည် ဝင်ရောက်ခဲ့ကြပါတယ်။ MNDAA နဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုးကန့်တပ်တွေ လက်လွှတ်လိုက်တဲ့ လားရှိုးမြို့မှာ ဘယ်လို အခြေအနေ ရှိပါသလဲ။ ကိုဇေယျာက ပြောပြပေးမှာပါ။