ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြဝတီ မင်းလက်ပံမှာ တိုက်ပွဲပြင်းထန်
မြဝတီ မင်းလက်ပံမှာ တိုက်ပွဲပြင်းထန်
မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေရှိတဲ့ မင်းလက်ပံကို ပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနေရာမှာ ကျားဖြန့်နဲ့ဆက်စပ်တဲ့ သက်သေခံ ပစ္စည်းတွေနဲ့ အလုပ်သမားတွေကို KNU/KNLA က ထိန်းသိမ်းထားတာပါ။ တိုက်ပွဲကြောင့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၁) တံတားကလွဲပြီး လှေဂိတ်အားလုံးကို ဒီဇင်ဘာ ၁ ရက် ကစပြီး တစ်ပတ်ပိတ်ထားမယ်လို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ထိုင်းနယ်စပ်ဖြစ်တဲ့ မင်းလက်ပံက လက်ရှိအခြေအနေကို ကိုဘိုဘို က စုစည်းပြောပြမှာပါ။