ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယက ကလေးလိင် ခွဲခြား သတ်ဖြတ်မှု
ကမ္ဘာ့နေရာ ဒေသ တော်တော်များများမှာ သား တွေကို သမီးတွေထက် ပို တန်ဘိုးထားတဲ့ ဓလေ့တွေ ရှိပါတယ်။ အဲဒါကြောင့်ပဲ လိင်ကို ကြိုကြည့်ပြီး ကိုယ်ဝန်ဖျက်တာမျိုး သမီး မိန်းကလေးတွေကို စွန့်ပစ်ခံရတာမျိုးတွေ အပြင် ကလေးကိုသတ်ပစ်တဲ့ အဖြစ်မျိုးတွေတောင် ရှိပါတယ်။ ဘီဘီစီရဲ့ မျက်ဝန်း သတင်းအစီအစဉ်က အိန္ဒိယက ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ အဲဒီလို ကလေးကို သတ်ပစ်တဲ့ အဖြစ်မျိုးတွေ ရှိခဲ့တာကို သိခဲ့ရပါတယ်။ ဘီဘီစီ သတင်းထောက် အမိတာဘ် ပါရရာရှာက လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဘီဟာ ပြည်နယ်ထဲမှာ လုပ်ကိုင်နေကြတဲ့ သားဖွား ဆရာမတွေကို တွေ့ဆုံခဲ့ပြီး မွေးကင်းစ မိန်းကလေး တွေကို သတ်ခိုင်းတာမျိုးတွေ၊ တချို့ ကယ်ဆယ်ပေးခဲ့ရတဲ့ အဖြစ်မျိုးတွေကို မေးမြန်းထားပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။