စစ်တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေမှု စတင်

ဗီဒီယို ပုံစာ, စစ်တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေမှု စတင်
စစ်တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေမှု စတင်

စစ်တပ်က ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ တစ်ပါတီတည်း အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ နဲ့ စစ်ခေါင်းဆောင်တို့ကြား လာမယ့် လွှတ်တော်အစည်းအဝေးတွေ မတိုင်ခင်မှာပဲ လွှတ်တော်ပြင်ပ အာဏာ ခွဲဝေနေရာချထားတာတွေ စတင်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကြံ့ခိုင်ရေး ပါတီက အမတ်တွေ လွှမ်းမိုးထားမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ လက်ရှိ စစ်ခေါင်းဆောင်နဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ က ဘယ်လို ဆက်ရှိနေမှာပါလဲ။ ကိုဝေဖြိုးက ပြောပြပေးမှာပါ။