အာဖဂန်နစ္စတန် ငလျင်ဘေး စိတ်ဒဏ်ရာတွေ ခံစားနေရ

အာဖဂန်နစ္စတန် ငလျင်ဘေး စိတ်ဒဏ်ရာတွေ ခံစားနေရ

အာဖဂန်နစ္စန်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ငလျင်ဒဏ် ခံစားခဲ့ရသူတွေကို ကျွေးမွေးဖို့အတွက် ရိက္ခာ ရန်ပုံငွေက ၄ ပတ်စာလောက်ပဲ ကျန်တော့တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP က သတိပေးနေပါတယ်။ နိုင်ငံတကာ ရန်ပုံငွေ ဖြတ်တောက်မှုတွေကြောင့် သဘာဝဘေး ကယ်ဆယ်ရေးမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်လို့လည်း WFP အကြီးအကဲ က ပြောဆိုပါတယ်။ ငလျင်ဘေး ကနေ အသက်ရှင် လွတ်မြောက်လာသူတွေဟာ အစားအသာက် နဲ့ ဆေးဝါး လိုအပ်ချက် အခက်အခဲ ကြုံနေရတာတင် မဟုတ်ဘဲ၊ မိသားစုဝင်တွေ သေဆုံးသွားတဲ့ အတွက် စိတ်ပိုင်း ဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေကို ခံစားနေကြရပါတယ်။ ငလျင်ကြောင့် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး၊ နောက်ထပ် လူပေါင်း ၃၇၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထိခိုက်သူ အရေအတွက် ဒီထက် တိုးလာနိုင်တယ်လို့ ဆိုပါတယူ်။ ဘီဘီစီ အာဖဂန်နစ္စတန် ဌာနက ယာမာ ဘာရဇ် အာဆာဒါးဘတ် ကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။