အမေရိကန်မှာ သမ္မတလောင်းတွေ အကြိတ်အနယ် မဲဆွယ်

ဗီဒီယို ပုံစာ, အမေရိကန်မှာ သမ္မတလောင်းတွေ အကြိတ်အနယ် မဲဆွယ်
အမေရိကန်မှာ သမ္မတလောင်းတွေ အကြိတ်အနယ် မဲဆွယ်

အမေရိကန် ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲရဲ့ နောက်ဆုံးအဆင့်တွေကို ရောက်လာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမ္မတလောင်း ၂ ဦးဟာ ရွေးကောက်ပွဲမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ အကြိတ်အနယ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ သွားပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေကြပါတယ်။ စစ်တမ်းတွေမှာတော့ သမ္မတလောင်း ၂ ဦးဟာ မတိမ်းမယိမ်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီတကြိမ် ရွေးကောက်ပွဲဟာ အမေရိကန် ပြည်ထောင်စုသမိုင်းမှာ အကြိတ်အနယ် အရှိဆုံး သမ္မတရွေးကောက်ပွဲ တခု ဖြစ်လာနိုင်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျက်ဆီကာ ပါကာရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။