ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပင်လည်ဘူးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်
ပင်လည်ဘူးကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်
စစ်ကိုင်းတိုင်း အထက်ပိုင်းက ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၈ ရက် မနက်ပိုင်းကစပြီး အလုံးစုံ ထိန်းချုပ်လိုက်ပါတယ်။ ရက်ပေါင်း ၅၀ ကျော် တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက တော်လှန်ရေးတပ်တွေဆီ လက်နက်ချ ဆုတ်ခွာခွင့် တောင်းသွားခဲ့တာပါ။ လက်ရှိမှာတော့ စစ်ကောင်စီက ပင်လည်ဘူးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ မစန္ဒာဝင်းက ပြောပြမှာပါ။