မြန်မာကလေး ၄ သိန်းကျော် အာဟာရ ချို့တဲ့နေ

မြန်မာကလေး ၄ သိန်းကျော် အာဟာရ ချို့တဲ့နေ

နိုဝင်ဘာ ၂၀ ရက်နေ့ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကနေ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကြေညာချက် ထုတ်ပြန်နိုင်ခဲ့တဲ့ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ စစ်‌ရေး၊ နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံမှာတော့ ကလေးငယ် လေးသိန်းကျော် အာဟာရချို့တဲ့မှုနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေးတို့လိုမြို့ကြီးတွေကလွဲပြီး ကျန်ဒေသတွေမှာရှိတဲ့ ကလေးငယ်တွေဟာ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းတွေ ဆုံးရှုံးနေသလို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေပါ ခံစားနေကြရပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြပေးပါမယ်။