ထောက်ပံ့မှု နည်းလို့ ယူကရိန်း ရှေ့တန်းမှာ အခက်ကြုံ

ဗီဒီယို ပုံစာ, ထောက်ပံ့မှု နည်းလို့ ယူကရိန်း ရှေ့တန်းမှာ အခက်ကြုံ
ထောက်ပံ့မှု နည်းလို့ ယူကရိန်း ရှေ့တန်းမှာ အခက်ကြုံ

ဥရောပ သမဂ္ဂက ယူကရိန်းကို ဒေါ်လာ ၅၅ ဘီလီယံ အကူအညီပေးမယ့် အစီအစဉ်ကို ဟန်ဂေရီနိုင်ငံက တားမြစ်လိုက်ပါတယ်။ ဥရောပ သမဂ္ဂရဲ့ ရန်ပုံငွေတွေကို ယူကရိန်းကို ပေးအပ်ဖို့ ထပ်မံ ကြိုးစားလာမယ်ဆိုရင်လည်း တားမြစ်ဖို့ အသင့်ပဲလို့ ဟန်ဂေရီ ဝန်ကြီးချုပ်က သတိပေးထားပါတယ်။ ယူကရိန်းရဲ့ အီးယူအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုတွေကိုလည်း ဟန်ဂေရီက တားမြစ်နိုင်တယ်လို့လည်း ပြောဆိုနေပါတယ်။ တချိန်တည်းမှာပဲ မော်စကိုရဲ့ ရည်မှန်းချက် မပြည့်မချင်း ယူကရိန်းအနေနဲ့ ငြိမ်းချမ်းမှာ မဟုတ်ဘူးလို့ ရုရှား သမ္မတ ပြောဆိုထားပါတယ်။ ယူကရိန်းကို စစ်လက်နက်လက်ထောက်ပံ့မှုတွေ နည်းပါးလို့ နိုင်ငံ အရှေ့ပိုင်းက ဘက်ခ်မြု ရှေ့တန်းစစ်မြေပြင်မှာအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဘီဘီစီ သတင်းထောက် အက်ဗူ ဂျာလေး အဗ်ဒူ ရာဆူလော့ဘ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြပေးမှာပါ။