ထိုင်း - မြန်မာ လိင်တူချစ်သူတို့ရဲ့ ဖူးစာ
မြန်မာနိုင်ငံသား ကိုချစ်နိုင်ထွန်း နဲ့ သူ့ရဲ့ လက်တွဲဖော် ထိုင်းနိုင်ငံသား ''ဝီ'' တို့ဟာ ထိုင်းနိုင်ငံမှာ ဖူးစာဆုံခဲ့ကြပါတယ်။ ကိုးကွယ်ရာဘာသာမတူ၊လူမျိုး မတူကြတဲ့ လိင်တူ ချစ်သူနှစ်ဦးဟာ ချစ်ခြင်းမေတ္တာတော့တူမျှကြပါတယ်။
ထိုင်းမှာ လိင်တူထိမ်းမြားခြင်းကို ဥပဒေအရ ခွင့်ပြုလိုက်လို့ သူတို့ရဲ့ရှေ့ခရီးအပေါ် ဘယ်လိုသက်ရောက်မှု တွေရှိလာမလဲ။
သူတို့နှစ်ဦးရဲ့ ဘဝခရီးနဲ့ မျှော်လင့်ချက်တွေဟာ တခြားလိင်တူချစ်သူတွေရဲ့ ဘဝတွေကိုရော ဘယ်လောက်အထိထင်ဟပ်နေပါသလဲ။ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။





