ဖိအားပေး မဲပေးခိုင်းရင် တိုင်ကြားဖို့ NUG ပြော

ဖိအားပေး မဲပေးခိုင်းရင် တိုင်ကြားဖို့ NUG ပြော

စစ်တပ် ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်မှုတွေ ရှိရင် တိုင်ကြား နိုင်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ပြည်ထဲရေး ဌာနက ထုတ်ပြောလာပါတယ်။ အဲဒီ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ် လောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားမယ် ဆိုပြီး ချင်းလန်း ကောင်စီက ကြေညာထားပါတယ်။ ဒီအကြောင်း ကိုရင်မောင်က ပြောပြပေးမှာပါ။