ချောကလက်တွေ ဘာကြောင့် ဈေးတက်သွားလဲ

ချောကလက်တွေ ဘာကြောင့် ဈေးတက်သွားလဲ

မကြာသေးခင် လပိုင်းတွေက စပြီး ချောကလက်ဈေးတွေ ခုန်တက်လာပါတယ်။ ချောကလက်လုပ်တဲ့ ကိုကိုး ဈေးကလည်း သမိုင်းမှာ မကြုံစဖူး တစ်တန်ကို ဒေါ်လာ ၁၀,၀၀၀ ကျော်အထိ တက်သွားခဲ့ပါတယ်။ ဒါဟာ ပုံမှန် ဈေးထက် ၄ ဆ မက တက်သွားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ရာသီဥတု ပြောင်းလဲမှု၊ ပိုးကျမှုအပြင် ကိုကိုးအစိုက်များတဲ့ အနောက်အာဖရိကက အပင်တွေ အိုလာကြတဲ့အတွက် ကိုကိုးအထွက် ကျသွားတာကြောင့်ပါ။ ဒါကြောင့် အနာဂတ် ချောကလက်ဈေးကွက်မှာလည်း မရေရာမှုတွေ ဖြစ်နေပါပြီ။ ကိုဘိုဘိုက ပြောပြမှာပါ။