ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ

ဘယ်လိုကာကွယ်မလဲ

ကိုရိုနာဗိုင်းရပ်စ်ဟာ စဖြစ်ချိန်ကစလို့ နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၀ ကျော်မှာ ပျံ့နှံ့ဖြစ်ပွားခဲ့ပါပြီ။

သေဆုံးသူ အရေအတွက်ကလည်း တစ်သန်းကျော်ရှိလာခဲ့ပြီး ကူးစက်ခံရသူက ၄၄ သန်းကျော် ရှိနေပါပြီ။

ကိုဗစ်သေဆုံးမှုနေရာများ

ဒီရောဂါ ကမ္ဘာအနှံ့ပျံ့နှံ့နေပုံကို နယ်မြေအလိုက် ဖော်ပြပါမြေပုံမှာ လေ့လာနိုင်ပါတယ်။

ကမ္ဘာ့မြေပုံ

အတည်ပြုထားသော တစ်ကမ္ဘာလုံး ကူးစက်ခံရသူ

Group 4

တုံ့ပြန်မှုအပြည့်အဝ ကြည့်နိုင်ရန် ဘရောက်ဆာကို အဆင့်မြှင့်ပါ။

သတင်းရင်းမြစ်-ဂျွန်ဟော့ကင်းတက္ကသိုလ်၊ ပြည့်သူ့ကျန်းမာရေး အေဂျင်စီများ

နောက်ဆုံးအတည်ပြုထားသည့် အချက်အလက် ၂၀၂၂၊ ၅ ဇူလိုင် GMT+၆:၃၀ ၁၄:၂၉

ဘယ်လောက်မြန်မြန် ပျံ့နှံ့ကူးစက်နေသလဲ

ကမ္ဘာတလွှားမှာ နေ့စဉ် အသစ်ကူးစက်ခံရသူအရေအတွက်ဟာ ထောင်သောင်းချီ အထိရှိနေပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းတွေထဲမှာ ကျန်းမာရေးဌာနတွေက မသိရှိလိုက်တဲ့ လူနာတွေ အများအပြားရှိနေလိမ့်ဦးမယ်လို့ ယူဆထားကြပါတယ်။

တရုတ်ပြည်မှာ စတင်ဖြစ်ပွားပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ဟာ အမေရိကန်၊ စပိန်၊ ယူကေ၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန် အစရှိတဲ့နိုင်ငံတွေနဲ့ နိုင်ငံပေါင်း နှစ်ရာနီးပါးမှာ လျှင်လျှင်မြန်မြန် ကူးစက်ပျံ့နှံ့နေပါတယ်။

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေ၊ နယ်မြေတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အချက်အလက်တွေကို အောက်ဖော်ပြပါဇယားမှာ ကြည့်နိုင်ပါတယ်။

အသေးစိတ် အချက်အလက်များ

အချက်အလက်များပိုမြင်နိုင်ရန် ဇယားကို ရွှေ့ပါ

*လူတစ်သိန်းလျှင် သေဆုံးမှုနှုန်း

အမေရိကန် 1,012,833 308.6 87,030,788
ဘရာဇီးလ် 672,033 318.4 32,535,923
အိန္ဒိယ 525,242 38.4 43,531,650
ရုရှား 373,595 258.8 18,173,480
မက္ကဆီကို 325,793 255.4 6,093,835
ပီရူး 213,579 657.0 3,640,061
ဗြိတိန် 177,890 266.2 22,232,377
အီတလီ 168,604 279.6 18,805,756
အင်ဒိုနီးရှား 156,758 57.9 6,095,351
ပြင်သစ် 146,406 218.3 30,584,880
အီရန် 141,404 170.5 7,240,564
ဂျာမနီ 141,397 170.1 28,542,484
ကိုလံဘီယာ 140,070 278.3 6,175,181
အာဂျင်တီးနား 129,109 287.3 9,394,326
ပိုလန် 116,435 306.6 6,016,526
ယူကရိန်း 112,459 253.4 5,040,518
စပိန် 108,111 229.6 12,818,184
တောင်အာဖရိက 101,812 173.9 3,995,291
တူရကီ 99,057 118.7 15,180,444
ရိုမေးနီးယား 65,755 339.7 2,927,187
ဖိလစ်ပိုင် 60,602 56.1 3,709,386
ချီလီ 58,617 309.3 4,030,267
ဟန်ဂေရီ 46,647 477.5 1,928,125
ဗီယက်နမ် 43,088 44.7 10,749,324
ကနေဒါ 42,001 111.7 3,958,155
ချက်ပြည်ထောင်စု 40,324 377.9 3,936,870
ဘူလ်ဂေးရီးယား 37,260 534.1 1,174,216
မလေးရှား 35,784 112.0 4,575,809
အီကွေဒေါ 35,745 205.7 913,798
ဘယ်လ်ဂျီယံ 31,952 278.2 4,265,296
ဂျပန် 31,328 24.8 9,405,007
ထိုင်း 30,736 44.1 4,534,017
ပါကစ္စတန် 30,403 14.0 1,539,275
ဂရိ 30,327 283.0 3,729,199
ဘင်္ဂလားဒေ့ရှ် 29,174 17.9 1,980,974
တူနီးရှား 28,691 245.3 1,052,180
အီရတ် 25,247 64.2 2,359,755
အီဂျစ် 24,723 24.6 515,645
တောင်ကိုရီးယား 24,576 47.5 18,413,997
ပေါ်တူဂီ 24,149 235.2 5,171,236
နယ်သာလန် 22,383 129.1 8,203,898
ဘိုလီးဗီးယား 21,958 190.7 931,955
ဆလိုဗားကီးယား 20,147 369.4 2,551,116
သြစတီးယား 20,068 226.1 4,499,570
မြန်မာ 19,434 36.0 613,659
ဆွီဒင် 19,124 185.9 2,519,199
ကာဇက်စတန် 19,018 102.7 1,396,584
ပါရာဂွေး 18,994 269.6 660,841
ဂွာတီမာလာ 18,616 112.1 921,146
ဂျော်ဂျီယာ 16,841 452.7 1,660,429
သီရိလင်္ကာ 16,522 75.8 664,181
ဆားဘီးယား 16,132 232.3 2,033,180
မော်ရိုကို 16,120 44.2 1,226,246
ခရိုအေးရှား 16,082 395.4 1,151,523
ဘော့စနီးယား ဟာဇီဂိုးဗီးနား 15,807 478.9 379,041
တရုတ် 14,633 1.0 2,144,566
ဂျော်ဒန် 14,068 139.3 1,700,526
ဆွစ်ဇာလန် 13,833 161.3 3,759,730
နီပေါ 11,952 41.8 979,835
မော်လ်ဒိုဗာ 11,567 435.2 520,321
အစ္စရေး 10,984 121.3 4,391,275
ဟွန်ဒူရပ်စ် 10,906 111.9 427,718
လက်ဘနွန် 10,469 152.7 1,116,798
သြစတြေးလျ 10,085 39.8 8,291,399
အဇာဘိုင်ဂျန် 9,717 96.9 793,388
မာဆီဒိုးနီးယား 9,327 447.7 314,501
ဆော်ဒီအာရေဗျ 9,211 26.9 797,374
လစ်သူရေးနီးယား 9,175 329.2 1,162,184
အာမေးနီးယား 8,629 291.7 423,417
ကျူးဘား 8,529 75.3 1,106,167
ကော့စတာ ရီကာ 8,525 168.9 904,934
ပနားမား 8,373 197.2 925,254
အာဖဂန်နစ္စတန် 7,725 20.3 182,793
အီသီယိုးပီးယား 7,542 6.7 489,502
အိုင်ယာလန် 7,499 151.8 1,600,614
ဥရုဂွေး 7,331 211.8 957,629
တရုတ်တိုင်ပေ 7,025 29.5 3,893,643
ဘယ်လာရုစ် 6,978 73.7 982,867
အယ်ဂျီးရီးယား 6,875 16.0 266,173
ဆလိုဗီးနီးယား 6,655 318.7 1,041,426
ဒိန်းမတ် 6,487 111.5 3,177,491
လစ်ဗျား 6,430 94.9 502,189
လတ်ဗီးယား 5,860 306.4 837,182
ဗင်နီဇွဲလား 5,735 20.1 527,074
ပါလက်စတိုင်း 5,662 120.8 662,490
ကင်ညာ 5,656 10.8 334,551
ဇင်ဘာဘွေ 5,558 38.0 255,726
ဆူဒန် 4,952 11.6 62,696
ဖင်လန် 4,875 88.3 1,145,610
အိုမန် 4,628 93.0 390,244
ဒိုမီနီကန် သမ္မတနိုင်ငံ 4,383 40.8 611,581
အယ်လ်ဆာဗေးဒိုး 4,150 64.3 169,646
နမ်မီးဘီးယား 4,065 163.0 169,247
ထရီနီဒတ် နဲ့ တိုဘာဂို 4,013 287.7 167,495
ဇမ်ဘီယာ 4,007 22.4 326,259
ယူဂန်ဒါ 3,621 8.2 167,979
အယ်ဘေးနီးယား 3,502 122.7 282,690
နော်ဝေ 3,337 62.4 1,448,679
ဆီးရီးယား 3,150 18.5 55,934
နိုင်ဂျီးရီးယား 3,144 1.6 257,637
ဂျမေကာ 3,144 106.6 143,347
ကိုဆိုဗို 3,140 175.0 229,841
ကမ္ဘောဒီးယား 3,056 18.5 136,296
ကာဂစ်စတန် 2,991 46.3 201,101
ဘော့ဆွာနာ 2,750 119.4 322,769
မွန်တီနီဂရို 2,729 438.6 241,190
မာလာဝီ 2,646 14.2 86,600
အက်စတိုးနီးယား 2,591 195.3 580,114
ကူဝိတ် 2,555 60.7 644,451
ယူအေအီး 2,319 23.7 952,960
မိုဇမ်ဘစ် 2,212 7.3 228,226
မွန်ဂိုလီးယား 2,179 67.6 928,981
ယီမင် 2,149 7.4 11,832
ဆီနီဂေါ 1,968 12.1 86,382
ကင်မရွန်း 1,931 7.5 120,068
အင်ဂိုလာ 1,900 6.0 101,320
ဥဇဘက်ကစ္စတန် 1,637 4.9 241,196
နယူးဇီလန် 1,534 31.2 1,374,535
ဘာရိန်း 1,495 91.1 631,562
ရဝမ်ဒါ 1,460 11.6 131,270
ဂါနာ 1,452 4.8 166,546
စင်္ကာပူ 1,419 24.9 1,473,180
ဆွာဇီလန် 1,416 123.3 73,148
မာဒါဂါစကာ 1,401 5.2 65,787
ကွန်ဂိုသမ္မတနိုင်ငံ 1,375 1.6 91,393
ဆူရီနမ် 1,369 235.5 80,864
ဆိုမာလီယာ 1,361 8.8 26,803
ဂီယာနာ 1,256 160.5 67,657
လူဇင်ဘတ် 1,094 176.5 265,323
ဆိုက်ပရပ်စ် 1,075 89.7 515,596
မောရစ်သျှ 1,004 79.3 231,036
မော်ရီတေးနီးယား 984 21.7 60,368
မာတီနစ် 965 257.0 195,912
ဂွာဒါလူပါ 955 238.7 168,714
ဖီဂျီ 866 97.3 65,889
တန်ဇန်နီးယား 841 1.4 35,768
ဟေတီ 837 7.4 31,677
ဘဟားမားစ် 820 210.5 36,101
ရီယူနီယံ ကျွန်း 812 91.3 422,769
အိုင်ဗရီကို့စ် 805 3.1 83,679
လာအို 757 10.6 210,313
မော်လတာ 748 148.8 105,407
မာလီ 737 3.7 31,176
လီဆိုသို 699 32.9 33,938
ဘယ်လိဇ် 680 174.2 64,371
ကာတာ 679 24.0 385,163
ပါပူဝါ နယူးဂီနီ 662 7.5 44,728
ပြင်သစ် ပိုလီနီးရှား 649 232.4 73,386
ဘာဘေးဒိုးစ် 477 166.2 84,919
ဂီနီ 443 3.5 37,123
ကိပ်ဗာ့ဒ် 405 73.6 61,105
ပြင်သစ် ဂီယာနာ 401 137.9 86,911
ဘာကီနာ ဖာဆို 387 1.9 21,044
ကွန်ဂို 385 7.2 24,128
စိန့်လူစီယာ 383 209.5 27,094
ဂမ်ဘီယာ 365 15.5 12,002
နယူး ကယ်လီဒိုးနီးယား 313 108.8 64,337
နီဂျဲ 310 1.3 9,031
မော်လဒိုက် 306 57.6 182,720
ဂါဘွန်း 305 14.0 47,939
လိုင်ဘေးရီးယား 294 6.0 7,497
ကျူရာဆောင်း 278 176.5 44,545
တိုဂို 275 3.4 37,482
နီကာရာဂွာ 242 3.7 14,690
ဂရီနေဒါ 232 207.1 18,376
ဘရူနိုင်း 225 51.9 167,669
အာရူဘာ 222 208.8 41,000
ချာ့ဒ် 193 1.2 7,426
ဂျီဘူတီ 189 19.4 15,690
မာယိုတေး 187 70.3 37,958
အီကွေတိုရီယယ်ဂီနီ 183 13.5 16,114
အိုက်စလန် 179 49.5 195,259
ချန်နယ်ကျွန်းစု 179 103.9 80,990
ဂီနီ ဘစ်ဆော 171 8.9 8,369
ဆေရှဲလ် 167 171.1 44,847
ဘီနင် 163 1.4 27,216
ကောမောရို့စ် 160 18.8 8,161
အင်ဒိုရာ 153 198.3 44,177
ဆော်လမွန်ကျွန်းစု 153 22.8 21,544
အင်တီဂွာ နဲ့ ဘာဘူဒါ 141 145.2 8,665
ဘာမြူဒါ 140 219.0 16,162
တောင်ဆူဒန် 138 1.2 17,722
တီမော 133 10.3 22,959
တာဂျစ်ကစ်စတန် 125 1.3 17,786
ဆီယာရာလီယွန်း 125 1.6 7,704
ဆမ်မာရီနို 115 339.6 18,236
စိန့်ဗင်းဆင့်နဲ့ ဂရီနာဒီးစ် 114 103.1 9,058
ဗဟိုအာဖရိကပြည်ထောင်စု 113 2.4 14,649
မန်းကျွန်း 108 127.7 36,463
ဂျီဘရော်လတာ 104 308.6 19,633
အီရစ်ထရီးယား 103 2.9 9,805
စိန့်မာတင် 87 213.6 10,601
လိချ်တင်စတိုင်း 85 223.6 17,935
ဆောတုမ်းနဲ့ ပရင်စီပီး 74 34.4 6,064
ဒိုမီနီကာ 68 94.7 14,852
စိန့်မာတင် (ပြင်သစ်ပိုင်သည့် အပိုင်း) 63 165.8 10,952
ဗြိတိသျှဗာဂျင်း ကျွန်းစု 63 209.8 6,941
မိုနာကို 59 151.4 13,100
စိန့််ကစ်နဲ့ နဲဗစ် 43 81.4 6,157
ဘူရွန်ဒီ 38 0.3 42,731
နယ််သာလန် အန်တီးလ်စ် 37 142.4 10,405
တာ့က်စ်နဲ့ ကိုင်ကို့စ်ကျွန်း 36 94.3 6,219
ကေးမင်း ကျွန်းစု 29 44.7 27,594
ဆာမိုးအား 29 14.7 14,995
ဖာရိုးကျွန်းစု 28 57.5 34,658
ဘူတန် 21 2.8 59,824
ဂရင်းလန် 21 37.3 11,971
ဗင်နွားတူ 14 4.7 11,389
ကီရီဘာတီ 13 11.1 3,236
စိန်မင်းသမီးသင်္ဘော 13 712
တွန်ဂါ 12 11.5 12,301
အင်ဂွီလာ 9 60.5 3,476
မွန်ဆာရက် 8 160.3 1,020
ဝါလစ်နဲ့ဖူတူနာကျွန်းစု 7 61.2 454
ပလော 6 33.3 5,237
စိန့်ဘာသာလာမီ 6 60.9 4,697
အမ်အက်စ်ဇန်ဒန်သင်္ဘော 2 9
ကွတ်ကျွန်းစု 1 5.7 5,774
စိန့်ပီယဲနှင့်မီကယ်လန် 1 17.2 2,779
ဖော့ကလန် ကျွန်း 0 0.0 1,815
မက်ခရိုနီးရှား 0 0.0 38
ဗာတီကန် 0 0.0 29
မာရှယ်ကျွန်းစု 0 0.0 18
အန္တာတိက 0 11
စိန့်ဟယ်လီနာ 0 0.0 4

တုံ့ပြန်မှုအပြည့်အဝ မြင်နိုင်ရန် ဘရောက်ဇာကို အဆင့်မြှင့်တင်ပါ။

ယခုသတင်းအချက်အလက်ကို ပုံမှန်ဖြည့်စွက်ပါသည်။ သို့သော် နိုင်ငံအချို့တွင် နောက်ဆုံး စုစုပေါင်း အချက်အလက်များ မပါသေးသည်များ ရှိနိုင်ပါသည်။

**ရောဂါကူးစက်မှုအသစ်တွေကပြီးခဲ့တဲ့ ၃ရက်ရဲ့ ပျမ်းမျှဖြစ်ပါတယ်။ ကူးစက်မှုအသစ်အရေအတွက်အပြောင်းအလဲကြောင့် ဒီရက်အတွက် ပျမ်းမျှကိုတော့ မတွက်နိုင်ပါ။

သတင်းရင်းမြစ်-ဂျွန်ဟော့ကင်းတက္ကသိုလ်၊ ပြည့်သူ့ကျန်းမာရေး အေဂျင်စီများ

အချက်အလက်များ နောက်ဆုံးဖြည့်စွက်ထားချိန် ၂၀၂၂၊ ၅ ဇူလိုင် GMT+၆:၃၀ ၁၄:၂၉

ကိုယ့်ကိုယ်ကိုယ်ဘယ်လိုကာကွယ်မလဲ။

အကောင်းဆုံးနည်းကတော့ လက်ကိုမကြာခဏ နှံ့နှံ့စပ်စပ်သေသေချာချာဆေးဖို့ပါပဲ။ ဆပ်ပြာနဲ့ ရေနဲ့ဆေးတာ အကောင်းဆုံးပါ။

ဒီဗိုင်းရပ်စ်ဟာ ပိုးရှိသူကချောင်းဆိုးတဲ့အခါ ဗိုင်းရပ်စ်ပါတဲ့ အရည်အစက်သေးသေးလေးတွေ လေထဲမှာပျံ့ပြီး ကူးပါတယ်။ အဲဒီအရည်အစက်ကလေးတွေဟာ အသက်ရှူသွင်းတဲ့အထဲမှာပါနိုင်လောက်အောင် သေးငယ်ပါတယ်။ အဲဒီအရည်အစက်လေးတွေတင်နေတဲ့နေရာကို လက်နဲ့ထိမိပြီး အဲဒီလက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကို ကိုင်မိရင် ကူးနိုင်ပါတယ်။

ဒါ့ကြောင့် ချောင်းဆိုး၊ နှာခေျရင် တစ်ရှူးသုံးပါ။ မျက်နှာကို လက်မဆေးရသေးဘဲနဲ့ မကိုင်ပါနဲ့။ ရောဂါရှိသူနဲ့နီးနီးစပ်စပ် မနေဖို့ဟာ ရောဂါပြန့်ပွားမှုကို တားဆီးရေးမှာ အရေးပါတဲ့အချက်ပါပဲ။ တချို့ကျွမ်းကျင်သူ ကျန်းမာရေးပညာရှင်တွေရဲ့ အကြံပြုချက်အရဆိုရင် မျက်နှာဖုံးတပ်ဆင်တာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအတွက် မထိရောက်လှပါဘူး ဒါပေမယ့် အခုနောက်ပိုင်းမှာ နှာခေါင်းစည်းတပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပိုပြီး ကျယ်ပြန့်လာပါတယ်။

မကူးစက်အောင်ဘာတွေလုပ်ဖို့လိုသလဲ

ရောဂါလက္ခဏာတွေက ဘာတွေလဲ

ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုပ်ကိုထိတဲ့ဗိုင်းရပ်စ်ပါ။ ရောဂါလက္ခဏာဟာ အဖျားနဲ့စတင်လေ့ရှိပြီး နောက်တော့ချောင်းခြောက်ဆိုးပါတယ်။ အဲဒီနောက် အသက်ရှူကျပ်တဲ့ ပြဿနာလိုက်ပါလာပါတယ်။

ရောဂါလက္ခဏာတွေဟာ ပျမ်းမျှအားဖြင့် ကူးစက်ပြီး ၅ ရက်အကြာမှာ စတင်လေ့ရှိတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။

ကိုဗစ်လက္ခဏာများ

ရောဂါလက္ခဏာပြနေသူတွေဆီကနေ အများဆုံးကူးစက်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ သူတို့ကိုယ်တိုင် မဖျားနာသေးခင်မှာကို တခြားလူတွေဆီ ကူးစက်ပျံ့နှံ့နိုင်တယ်လို့ဆိုပါတယ်။

ကနဦးရောဂါလက္ခဏာတွေဟာလည်း ဆောင်းရာသီအအေးမိတာတို့ တုပ်ကွေးတို့နဲ့ ဆင်တူပြီး အဲဒီ ရောဂါတွေအဖြစ် ရောထွေးလွဲမှားလေ့ ရှိပါတယ်။

ဘယ်လောက်အသေအပျောက်များသလဲ

ရောဂါဖြစ်ပွားပြီး သေဆုံးသူအရေအတွက်ဟာ ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း အောက်အထိ နည်းပါးလှတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီကိန်းဂဏန်းဟာ သိပ်စိတ်မချရပါဘူး။

လူထောင်နဲ့ချီပြီး ကုသမှုခံယူနေကြပေမယ့် လူအများအပြားလည်း ဆက်လက်သေဆုံးနေဆဲပါ။ ဒါ့ကြောင့် သေနှုန်းဟာ မြင့်ကောင်းမြင့်နိုင်တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ရောဂါပျော့တဲ့သူတွေဟာ စာရင်းထဲမှာကို ရောက်မလာတာတွေကလည်း အများကြီးရှိနေတော့ သေဆုံးသူရာခိုင်နှုန်းဟာ အဲဒီလူတွေပါ ထည့်တွက်လိုက်ရင် ရာခိုင်နှုန်းနည်းတာဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ကူးစက်ခံရသူ လူပေါင်း ၅၆၀၀၀ ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO စစ်တမ်းကောက်ယူရာမှာ ဒီလိုတွေ့ရပါတယ်။

  • ၆ ရာနှုန်းက ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ အဆုတ်ပျက်စီးတယ်။ ထိတ်လန့်တကြား ရှော့ခ်ဖြစ်တယ်။ ကိုယ်တွင်းအင်္ဂါပျက်စီးပြီး အသက်အန္တရာယ်ကြီးကြီးမားမား ကျရောက်တယ်။
  • ၁၄ ရာနှုန်းက ဆိုးဝါးတဲ့ ရောဂါလက္ခဏာတွေပြပါတယ်။ အသက်ရှုကျပ်တာ၊ မောပန်းတာမျိုးပါ။
  • ၈၀ ရာနှုန်းကတော့ အပျော့စားလက္ခဏာတွေပဲပြပါတယ်။ အဖျား၊ ချောင်းဆိုး၊ နမိုးနီးယားစသဖြင့်ပါ။
ရောဂါပြင်းထန်မှုအဆင့်ဆင့်

အသက်ကြီးသူတွေ နာမကျန်းသူတွေမှာ ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိပါတယ်။ နာမကျန်းသူတွေဆိုတာက ပန်းနာရင်ကျပ်ရှိသူ၊ ဆီးချိုရှိသူ၊ နှလုံးရောဂါရှိသူတွေမျိုးကို ဆိုလိုပါတယ်။

ကုသပုံက လူနာအပေါ်မှာမူတည်ပါတယ်။ အသက်ရှုကျပ်ရင် အောက်ဆီဂျင်ပေးတာမျိုး လိုအပ်တဲ့နေရာကို ထောက်ပံ့ပေးပြီး သူတို့မှာ ကိုယ်ခံအားပေါ်လာပြီး ရောဂါပျောက်ကင်းချိန်အထိ အသက်ရှင်နေအောင် ထိန်းထားပေးရတဲ့ ကုသနည်းဖြစ်ပါတယ်။ ကာကွယ်ဆေးက စမ်းသပ်ဆဲကာလဖြစ်ပါတယ်။

ရောဂါဖြစ်ပွားလာပြီလို့ ထင်ရင် ဘာလုပ်သင့်သလဲ

နိုင်ငံအလိုက်ဆောင်ရွက်ချက်တွေကွာခြားတတ်ပါတယ်။ မိမိနေထိုင်ရာ တိုင်းပြည်ရဲ့ အရေးပေါ်ကျန်းမာရေးဌာနတွေကို ဆက်သွယ်ပြီး လိုအပ်တဲ့ ညွှန်ကြားချက်တွေကိုလိုက်နာသင့်ပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် မကူးစက်ဖို့ အကောင်းဆုံး လက်ဆေးနည်း