ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသားတွေနဲ့ ရင်ဘောင်တန်း ကစားမယ့် အမျိုးသမီး ဆူမိုနပမ်းမယ်
ဟီယိုရီ ကွန်ဟာ ဂျပန်က အပျော်တမ်း ဆူမို နပမ်း ချန်ပီယံ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသမီးတွေကို ဆုကြေးငွေပေးတဲ့ ဆူမိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် မပြုသေးပါဘူး။ ဒါပေမယ့် သူကတော့ ဒီဟာကို ပြောင်းလဲ ပစ်ချင်နေပြီး အမျိုးသမီးတွေ ဆူမိုနပမ်းမှာ နေရာတခု ရလာဖို့ အတွက် မျှော်လင့်နေပါတယ်။ နောက်ပြီး ဆုရ ရုပ်ရှင်ကား တခုဖြစ်တဲ့ 'Little Miss Sumo' ကလည်း သူ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ၂၀၁၉ အတွင်း ထူးချွန်ထင်ရှားတဲ့ အမျိုးသမီး ၁၀၀ အစီအစဉ် အဖြစ် သူ့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။