ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန် ရွေးကောက်ပွဲ ဘယ်သူ အနိုင်ရမလဲ
ပါကစ္စတန်နိုင်ငံမှာ ဇူလိုင်လ ၂၅ ရက်နေ့ဆို ရွေးကောက်ပွဲတွေ ကျင်းပသွားဖို့ ရှိပါတယ်။
ဒါပေမဲ့ ပါကစ္စတန် နိုင်ငံရေးဟာ အင်မတန်မှ ရှုပ်ထွေးနက်နဲပြီး နိုင်ငံရေးလောကထဲ ခြေချဖို့ဆိုတာကလည်း သိပ်ကို အန္တရာယ်များတဲ့ အလုပ်ပါ။
ဒီအတွေ့အကြုံတွေကို ပါကစ္စတန် နိုင်ငံရေး တလျှောက် အောင်မြင်မှုရခဲ့တဲ့ ဘူတို မိသားစုက နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပြီးပါပြီ။
ဒါပေမဲ့လည်း ဘူတိုမိသားစုရဲ့ တတိယမျိုးဆက် ဘီလဝါ ဘူတို ဇာဒါရီ ကတော့ ဒါတွေကို မမှုပဲ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ ပါကစ္စတန် လူထုပါတီကို ဦးဆောင်ပြီး လွှတ်တော်ထဲ၀င်ဖို့ မဲဆွယ်စည်းရုံးနေပါတယ်။
တဘက်မှာလည်း စစ်တပ်ရဲ့ ကြိုးကိုင်မှုနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ၊ စီရင် ကွပ်မျက်မှုတွေ ရှိနေပါတယ်။
အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။