ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြည်ပမှာ ဘောလုံးကစားနေတဲ့ အောင်သူ့ အကြောင်း တစေ့တစောင်း
ဘောလုံးကတော့ မြန်မာတွေ အတွက် သည်းခြေကြိုက် အားကစား တခုပါ။
မြန်မာ့ဘောလုံးကို နိုင်ငံတကာမှာ ပြန်ဦးမော့လာဖို့ ပြင်ဆင်နေကြတဲ့ အချိန်မှာ နိုင်ငံရပ်ခြားက အဆင့်မြင့် လိဂ်ပြိုင်ပွဲမှာ အောင်အောင်မြင်မြင်နဲ့ Professional ဘောလုံးသွားကစားနိုင်တဲ့ မြန်မာ ဘောလုံးသမား တစ်ဦးလည်း ရှိနေပါတယ်။
သူကတော့ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ထိုင်းပရီမီယားလိဂ် ဘောလုံးလိဂ်ပြိုင်ပွဲက Police Tero အသင်းမှာ သွား ကစားနေတဲ့ တိုက်စစ်မှူး အောင်သူ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင် ကစားသမားတစ်ဦးဟာ ထိုင်းမှာလည်း ပရိသတ်တွေ ရဲ့ အားပေးမှု အပြည့်အဝ ရနေပါတယ်။
ထိုင်းမှာကစားနေတဲ့ မြန်မာဘောလုံးသမား အောင်သူ့အကြောင်းကိုတော့ ဘီဘီစီသတင်ထောက် ကိုငြိမ်းချမ်းအေးက ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။