ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မြို့က သက်ကြီး နေ့ဂေဟာ
အသက် ၇၀ နဲ့ အထက် အဘိုး အဘွားတွေ အတွက် နေ့တပိုင်း စောင့်ရှောက် ရေး ဂေဟာ ကို ရန်ကုန် မြို့ မရမ်းကုန်း မြို့နယ်မှာ လူမှုဝန်ထမ်း ဦးစီး ဌာန က ဖွင့်လှစ် ပေးထားပါတယ်။
အဲဒီ ဂေဟာ မှာ က လူမျိုးမရွေး၊ ဘာသာ မရွေးဘဲ အဘိုးအဘွား အားလုံး ကို ပြုစု စောင့်ရှောက် ပေးနေတာပါ။
ဒီဂေဟာမှာ နေရ တာက သူတို့ အတွက် ကန္တာရ ထဲက အိုအေစစ် လေး တစ်ခုလို ဘဲ လို့ အဘိုး အဘွား တွေက ပြောကြပါတယ်။
နေ့တပိုင်း ဘိုးဘွား ဂေဟာ အကြောင်းကိုတော့ မဝင်းစန္ဒာဦး က ဆက်ပြောပြ ပေးမှာပါ။