ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေ
မလေးရှား နိုင်ငံမှာ ဝန်ကြီးချုပ် နာဂျစ် ရာဇတ် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရဘက်က မလေးရှားသံအမတ်ကို ခေါ်ယူ တွေ့ဆုံ ခဲ့ပါတယ်။
ဝန်ကြီးချုပ် နာဂျစ် ရာဇက်က မြန်မာနိုင်ငံမှာ လူမျိုးတမျိုး ပပျောက်အောင် လုပ်နေတယ်လို့ ပြောဆိုခဲ့တာတွေဟာ တာဝန်မဲ့ရာ ကျလွန်းတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။
တဘက်မှာ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်းရှိနေပါတယ်။
ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာရဲ့ သတင်းကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။