အာဖဂန် အစိုးရသစ် ဖွဲ့နိုင်ဖို့ နီးစပ်လာ

ghani_abdullah_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အာဏာခွဲဝေယူမယ့် ဂါနီနဲ့ အဗ္ဗဒူလာ

အာဖဂန်နစ္စတန် နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ၃ လ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့်၊ အရှုံးအနိုင် အငြင်းပွား နေခဲ့တဲ့ အတွက် အစိုးရသစ် မဖွဲ့နိုင် ဖြစ်နေရာ ကနေ၊ အခုဆို သမ္မတလောင်း တစ်ဦးဖြစ် တဲ့ က၊ ပြိုင်ဘက် Ashraf Ghani သမ္မတ နေရာ ဆက်ခံဖို့ ကို သဘော တူလိုက်ပြီ လို့ သိရပါတယ်။

အခုဆို ညွန့်ပေါင်း အစိုးရ တစ်ရပ် ဖွဲ့စည်းဖို့ နှစ်ဘက်စလုံးက အဆုံးသတ် ဆွေးနွေး နေတယ် လို့ ဒေါက်တာ Abdullah ရဲ့ ပြောခွင့်ရသူ က ဆိုပါတယ်။

နှစ်ဘက် သဘောတူမှု ထဲမှာ ဒေါက်တာ Abdullah ကို ဝန်ကြီးချူပ် ရာထူးနဲ့ ညီမျှတဲ့ အုပ်ချူပ်ရေး အာဏာ နေရာအတွက် လျာထားသွား မှာ ဖြစ်ပါတယ်။

Ashraf Ghani ရဲ့ ပြောခွင့် ရသူကလည်း အခုလို သဘောတူမှု ရရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။