ဗြိတိန်ရဲ့ ရှေးအကျဆုံးတံခါးကြီးရှိတဲ့ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးအကြောင်း စိတ်ဝင်စားစရာ ၅ ချက်

Westminster Abbey at night

ဓာတ်ပုံ ရင်းမြစ်, Getty Images/Pawel Libera

သိမ်းမြစ်ကမ်းအနီး လန်ဒန်မြို့လယ်ခေါင်က ပါလီမန်အဆောက်အဦးကြီးရဲ့ ညာဘက်မှာ ဝက်စမင်စတာ ဘုရားကျောင်းကြီးဟာ နိုင်ငံရဲ့ အရေးပါတဲ့ အခမ်းအနားတွေ ကျင်းပရာနေရာအဖြစ် ရာစုနှစ်များစွာကြာအောင် တည်ရှိခဲ့ပါတယ်။

ဒီဘုရားကျောင်းကြီးဟာ အခု နတ်ရွာစံ ဘုရင်မကြီး ၁၉၅၃ ခုနှစ်က နန်းတက်ပွဲ ကျင်းပတဲ့ နေရာ ဖြစ်ခဲ့သလို ဗြိတိန်နိုင်ငံရဲ့ ဘုရင်တွေနဲ့ ဘုရင်မတွေ နန်းတက်ပွဲ ကျင်းပရာနေရာဖြစ်ပါတယ်။

အခု မြင်တွေ့ရတဲ့ ဘုရားကျောင်းကြီးဟာ ၁၂၄၅ ခုနှစ်က တတိယမြောက် ဟန်နရီ ဘုရင်ကြီး လက်ထက်က ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ စိန့် ဘန်းနဒစ် ဂိုဏ်းဝင် ခရစ်ယာန် ဘုန်းတော်ကြီးတွေက ဟိုးအရင် အေဒီ ၉၆၀ တုန်းက စတင် တည်ထောင်ခဲ့တာပါ။

အဲဒီဘုရားကျောင်းကြီးဟာ အင်္ဂလိပ် နိုင်ငံရေးမှာ အဓိက ကျတဲ့ နေရာအဖြစ် ရှိနေခဲ့တာ နှစ်ပေါင်းတစ်ထောင်နီးပါးကြာခဲ့ပြီလို့ အောက်စဖို့ တက္ကသိုလ်၊ မက်ဒဲလန် ကောလိပ်မှာ အလယ်ခေတ် သမိုင်းဆိုင်ရာ ကထိက ဖြစ်သူ ဒေါက်တာ ဟန်နာ ဘော့စတွန်က ပြောပါတယ်။

အခုထိဆိုရင် တော်ဝင် ဘုရင် မင်းမျိုးမင်းနွယ်တွေ အပါအဝင် ထင်ရှားတဲ့ ပုဂ္ဂိုလ် ၃၃၀၀ ကျော်ကို ဝက်စမင်စတာ ခန်းမကြီးမှာ မြေမြှုပ် သင်္ဂြိုဟ်တာ၊ ဒါမှ မဟုတ် အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ကြပါတယ်။

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကို နောက်ဆုံးဂါရဝပြု နှုတ်ဆက်ဖို့ ကမ္ဘာတဝန်းက လူ သန်းပေါင်းများစွာက စျာပန အခမ်းနားကို စောင့်ကြည့်ကြတဲ့ ဘုရင်မကြီးရဲ့ စျာပန ကျင်းပရာ ခမ်းနားထည်ဝါလှတဲ့ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက် ၅ ချက်ကို ဖော်ပြ ပေးလိုက်ပါတယ်။

၁။ တော်ဝင် မင်္ဂလာပွဲ ၁၆ ပွဲ ဒီဘုရားကျောင်ကြီးမှာ ကျင်းပခဲ့

Britain's Prince William and Kate Middleton kneel at the altar at Westminster Abbey in London during their Royal Wedding ceremony on April 29, 2011

ဓာတ်ပုံ ရင်းမြစ်, Getty Images/DOMINIC LIPINSKI

ဓာတ်ပုံ ပုံစာ, ၂၀၁၁ က ကျင်းပတဲ့ မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒယ်တန်တို့ မင်္ဂလာပွဲ

ဘုရားကျောင်းကြီးမှာ အခုထိ နောက်ဆုံးကျင်းပခဲ့တဲ့ မင်္ဂလာပွဲက ၂၀၁၁ ခုနှစ်က မင်းသားဝီလျံနဲ့ ကိတ်မစ်ဒယ်တန်တို့ရဲ့ မင်္ဂလာပွဲဖြစ်ပါတယ်။ အဲဒီပွဲကို ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးက အဝါရောင် ဝတ်စုံ ဆင်မြန်းပြီး တက်ရောက်ခဲ့ပါတယ်။

သူတို့ မင်္ဂလာပွဲ မတိုင်ခင်မှာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၉၀၀ အတွင်း တော်ဝင် မင်္ဂလာပွဲတွေ အများကြီး ရှိခဲ့ပါတယ်။

အခုအချိန်အထိဆိုရင် ၁၁၀၀ ခုနှစ်က စကော့တလန် မင်းသမီး မက်တစ်လ်ဒါ ကို လက်ဆက်ခဲ့တဲ့ ပထမမြောက် ဟန်နရီ ဘုရင်ရဲ့ မင်္ဂလာပွဲ ကနေ စတင်ပြီး၊ ၁၉၄၇ ခုနှစ်က မင်းသမီး အဲလစ်ဇဘက်နဲ့ မင်းသား ဖိလစ်တို့ မင်္ဂလာပွဲ အပါအဝင် အခုချိန်ထိ ဘုရားကျောင်းကြီးမှာ တော်ဝင် မင်္ဂလာပွဲပေါင်း ၁၆ ပွဲ ကျင်းပခဲ့ပါတယ်။

၂။ ဗြိတိန်ရဲ့ ရှေးအကျဆုံး တံခါးကြီး

Skip Instagram post
Instagram ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Instagram မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Instagram ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of Instagram post

အသေးစိတ် လေ့လာစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက် ဗြိတိန်နိုင်ငံရဲ့ ရှေးအကျဆုံး သက်တမ်းအကြာဆုံး တံခါးကြီးဟာ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးမှာ ရှိတယ် ဆိုတာ ၂၀၀၅ ခုနှစ်ကမှ သိရှိခဲ့ကြပါတယ်။

အဲဒီ တံခါးကြီးကို နော်မန်အောင်ပွဲ မတိုင်ခင် ၁၀၅၀ ပြည့်လွန်နှစ်တွေ အတွင်း တည်ဆောက်ခဲ့ပါတယ်။

၁၀၄၂ ခုနှစ်ကနေ ၁၀၆၆ အထိ အင်္ဂလန်ဘုရင် ဖြစ်ခဲ့တဲ့ Edward the Confessor က ဘုရားကျောင်းကြီးကို ပထမဆုံး တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာ ဘော့စတွန် က ပြောပါတယ်။

ဒါပေမဲ့ အဲဒီ တံခါးကြီးကလွဲရင် ဘုရားကျောင်းကြီးရဲ့ အစိတ်အပိုင်းတွေ မူရင်းအတိုင်းဆက်လက် ကျန်ရစ် တာ မရှိသလောက် နည်းပါတယ်။

ဘုရားကျောင်းကြီးဟာ အလယ်ခေတ် ပုံစံလို့ခေါ်တဲ့ ဗိသုကာ ပုံစံသုံးပြီးတည်ဆောက်တဲ့ အင်္ဂလန်ရဲ့ ပထမဆုံး အဆောက်အဦး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ လည်းဒေါက်တာ ဘော့စတွန်က ပြောပါတယ်။

တံခါးကြီးပေါ်မှာ နွားသားရေအပိုင်းအစတွေ ရှိပါတယ်။

အဲဒီ နွားသရေ အပိုင်းအစတွေ ဆိုတာက အမှန်စင်စစ် လူ့ အရေပြားတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘာသာရေးအရ စော်ကားမှု ဒါမှ မဟုတ် ဓားပြတိုက်မှု ကျူးလွန်သူကို ဖမ်းဆီးပြီး ဘုရားကျောင်းထဲမှာ အရေခွံ ဆုတ်ခံရသူတစ်ယောက်ရဲ့ အရေပြားဖြစ်တယ် ဆိုပြီး ၁၉ ရာစုတုန်းက ဒဏ္ဍာရီ ပေါ်ခဲ့ဖူးပါတယ်။

နောက်ထပ် အလားတူ မလုပ်ရဲကြအောင် သူ့အရေပြားကို တံခါးမှာ သံနဲ့ရိုက် ကပ်ထားတယ်လို့ လည်းပြောကြပါတယ်။

၃။ တော်ဝင်တို့ရဲ့ သင်္ချိုင်း- တခြားထောင်နဲ့ချီသူတွေလည်းမြှုပ်ထား

Britain's Prince William and Kate Middleton kneel at the altar at Westminster Abbey in London during their Royal Wedding ceremony on April 29, 2011

ဓာတ်ပုံ ရင်းမြစ်, Getty Images/DOMINIC LIPINSKI

ဓာတ်ပုံ ပုံစာ, ၂၀၁၁ က ကျင်းပတဲ့ မင်းသား ဝီလျံနဲ့ ကိတ် မစ်ဒယ်တန်တို့ မင်္ဂလာပွဲ

ဝက်စ်မင်စတာ ဘုရာကျောင်းကြီးမှာ ဘုရင်နဲ့ ဘုရင်မပေါင်း ၃၀ ရဲ့ အုတ်ဂူတွေ ရှိပါတယ်။ အစောဆုံးကတော့ အက်ဒွပ် ဘုရင်ကြီး King Edward the Confessor ဖြစ်ပါတယ်။

ပထမမြောက် အဲလစ်ဇဘက် ဘုရင်မကြီး၊ စကော့တလန် ဘုရင်မကြီး မေရီနဲ့ မိဖုရား ၁၁ ယောက်တို့ ရဲ့ အုတ်ဂူတွေလည်း ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ၁၇၆၀ ခုနှစ်က ဒုတိယမြောက် ဂျော့ချ် ဘုရင်ကို မြှုပ်နှံ ထားခဲ့ပါတယ်။

ဒါပေမဲ့ ဝက်စ်မင်စတာ ဘုရားကျောင်းကြီးထဲမှာ တော်ဝင် ဘုရင်၊ ဘုရင်မတွေနဲ့ မိဖုရားတွေကိုသာပဲ မြှုပ်နှံထားတာ မဟုတ်ပါဘူး။

ဆာအိုင်းဇက်နယူတန်၊ စတီဖင်ဟော့ပ်ကင်း၊ ဂျော့ချ် ဟန်ဒဲလ်၊ စာရေးဆရာ ကဗျာဆရာမ မေရီ ထရက်ဗာ အပါအဝင် လူပေါင်း ၃၃၀၀ ကျော်ရဲ့ နောက်ဆုံး နားခိုရာဖြစ်ပါတယ်။

ဒါ့အပြင် ဘုရားကျောင်းကြီးဟာ ဂျိန်းအော်စတင်၊ ရှားလော့၊ အမ်မလီနဲ့ အဲန် ဘရွန်တီ စတဲ့ စာရေးဆရာ ကဗျာဆရာတွေကို အမှတ်တရ ဂုဏ်ပြုရာ နေရာလည်းဖြစ်ပါတယ်။

နောက်ပိုင်းခေတ်မှာတော့ ၂၀၀၂ ခုနှစ်က အဲလစ်ဇဘက် ဘုရင်မကြီးရဲ့မယ်တော်၊ ၁၉၉၇ ခုနှစ်က ဝေလမင်းသမီး ဒိုင်ယာနာနဲ့ အခု ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးတို့ရဲ့ စျာပန စတဲ့ တော်ဝင်မင်းမျိုးမင်နွယ် တွေရဲ့ စျာပနတွေကို ဒီဘုရားကျောင်းကြီးမှာ ကျင်းပကြပါတယ်။

၄။ နန်းတက် ပလ္လင်တော်

The Coronation Chair, or King Edward's Chair, wooden throne, Westminster Abbey

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နန်းတက် ပုလ္လင်တော်

ထီးနန်းဆက်ခံတဲ့ ပလ္လင်တော်ဟာ ကမ္ဘာပေါ်က ပရိဘောဂ အဆောင်အယောင်တွေထဲမှာ အထင်ရှားဆုံး ပစ္စည်းတခု အဖြစ် သဘောထားကြပါတယ်။ ဒါ့အပြင် ဗြိတိသျှ ဧကရာဇ်တွေ အတွက် ဆယ်စုနှစ် ၇ ခုကြာအောင် အဓိက ကျတဲ့ နေရာမှာ ရှိခဲ့ပါတယ်။

ဒီပလ္လင်တော် ကို စကော့ လူမျိုးတွေ မြတ်နိုးတန်ဖိုးထားတဲ့ Stone of Scone ဆိုတဲ့ ကျောက်တုံးကြီးကို အတွင်းမှာထား ပြုလုပ်ဖို့ ပထမမြောက် အက်ဒွပ် ဘုရင်က စေခိုင်းခဲ့ပါတယ်။

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ၁၉၅၃ ခုနှစ်က နန်းတက်ပွဲ အခမ်းအနားမှာ ကျောက်တုံးကို ထည့်သွင်းထားတဲ့ နန်းတက် ပလ္လင်တော်ပေါ်မှာ ဘုရင်မကြီးထိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့သားတော် တတိယမြောက် ချားလ်စ် ဘုရင် ရဲ့ နန်းတက်ပွဲ အခမ်းအနားမှာလည်း ပါဝင်ရမှာဖြစ်ပါတယ်။

၁၀၆၆ ခုနှစ်က စပြီး ဘုရင် နှစ်ပါးကလွဲရင် ဝက်စ်မင်စတာ ဘုရားကျောင်းကြီးမှာ ဘိသိက်ခံနန်းတက်ခဲ့သူ ၃၉ ယောက် ရှိပါတယ်။

ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်သတ်မှတ်ထား

The madonna and child statue on the side door of Westminster Abbey

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝက်မင်စတာ ဘုရားကျောင်းကြီးရဲ့ ဘေးဘက် တံခါး

ဘုရားကျောင်းကြီးရဲ့ စင်မြင့်ကြီး ရှေ့မှာ ကမ္ဘာကြီး အဆုံးသတ်ကို ကမ္ဗည်းစာ သုံးလုံးနဲ့ ခန့်မှန်း ဖော်ညွှန်းထာတဲ့ အလယ်ခေတ် ရောင်စုံကျောက်ပြား စီခြယ် ကြမ်းခင်း တစ်ခု ရှိပါတယ်။

ကျောက်တုံးတွေ၊ ထွင်းဖောက်မမြင်နိုင်တဲ့ ရောင်စုံ ဖန်ပြားတွေကို အရွယ်အစားစုံ၊ ပုံစံမျိုးစုံ ဖြတ်တောက်ပြီး ကျောက်ပြားတွေနဲ့ စီခြယ်ထားပါတယ်။

ကော်စမက်တီ စင်္ကြံလို့ ခေါ်ကြတဲ့ အဲဒီ အခင်းကျောက်ပြားမှာ ကမ္ဘာကြီးဟာ ၁၉,၆၈၃ နှစ်ကြာအောင် တည်တံ့မယ်လို့ ထူးခြားဆန်းပြားစွာ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ အဲဒီလို ရေးထားတယ်ဆိုတဲ့ သတင်းစကားကလည်း သိပ်မကြာသေးခင်မှ အရေးကြီးတဲ့ သန့်ရှင်းရေးနဲ့ ထိန်းသိမ်းရေး အစီအစဉ် တရပ်အရ တွေ့မြင်လာရတာဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်က ဝက်စ်မင်စတာ နန်းတော်နဲ့ ဝက်စ်မင်စတာ ဘုရားကျောင်းတို့ကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေ အနှစ်နေရာအဖြစ် စာရင်းသွင်းခံရတဲ့ အခါမှာ ရှေးအကျဆုံး သက်တမ်းအရှည်ဆုံးတံခါးနဲ့ နန်းတက် ပလ္လင်တော် တို့ အားလုံးဟာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အတွက် ပိုမို အရေးပါ လာခဲ့ပါတယ်။

ဝက်စ်မင်စတာ ဘုရားကျောင်းကြီးဟာ အင်္ဂလိပ် ဂေါ့သစ် အနုပညာ အဆင့်ဆင့်ရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခု ဖြစ်တဲ့အပြင် ကြီးကျယ်ခမ်းနား၊ သမိုင်းဝင်ပြီး ထူးခြားတဲ့ သင်္ကေတလက္ခဏာတွေ ရှိနေတာ ဖြစ်ပါတယ်။