ရန်ကုန်အပူလွန်ကဲမှု လူသေဆုံး
ရန်ကုန်အပူလွန်ကဲမှု လူသေဆုံး
ရေးသားခဲ့သည်။
စူပါအယ်လ်နီညိုစတင်လာချိန်မှာပဲ ရန်ကုန်မြို့မှာ မနေ့နေ့လယ်ပိုင်းက သက်ကြီးပိုင်း အမျိုးသားတစ်ဦး အပူလွန်ကဲပြီးမူးလဲရာကနေ သေဆုံးခဲ့သလို ဒီနေ့မှာလည်း ဘုရင့်နောင်ပွဲရုံ အတွင်းမှာ အမျိုးသားတစ်ဦး အပူလွန်ကဲပြီးလဲကျရာကနေ လေဖြန်းသွားခဲ့တယ်လို့ ကူညီပေးခဲ့သူ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေလည်း အပူလျှပ်တဲ့လက္ခဏာနဲ့ သေဆုံးတာနဲ့ ဆေးရုံပို့ခဲ့ရသူတွေ ရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။ အခုလို မိုးကုန်စကာလထက် အပူချိန်ပိုပြင်းထန်လာနိုင်မဲ့ လာယ့်နွေကာလမှာ အပြင်ထွက် နေရသူ တွေအပြင် အိမ်ထဲမှာပဲနေထိုင်ရင်း အပူလျှပ်တာမဖြစ်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။ အကြောင်းစုံကို မရွှေပိုးနီက ပြောပြပေးမှာပါ။



