အမေရိကန် လူဝင်မှု မူဝါဒ စီးပွားရေးအပေါ် ဘယ်လို သက်ရောက်သလဲ

ဗီဒီယို ပုံစာ, အမေရိကန် လူဝင်မှု မူဝါဒ စီးပွားရေးအပေါ် ဘယ်လို သက်ရောက်သလဲ
အမေရိကန် လူဝင်မှု မူဝါဒ စီးပွားရေးအပေါ် ဘယ်လို သက်ရောက်သလဲ
ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ သမ္မတရာထူးနဲ့ လွှတ်တော်ကို ရီပတ်ဘလစ်ကန်ပါတီက ၂ နှစ်ကြာ ထိန်းချုပ်ခဲ့တဲ့ ကာလအတွင်းမှာတော့ အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာ ကျဆင်းသွားသလို ICE လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ ဖမ်းဆီးမှုတွေလည်း အများအပြား မြင့်တက်ခဲ့ပါတယ်။ တဖက်မှာလည်း ဒီအပြောင်းအလဲတွေက အမေရိကန်စီးပွားရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့သလဲဆိုတာ နိုင်ငံရေးသမားတွေ အဖြေရှာနေကြပါတယ်။ ဘီဘီစီ သတင်းထောက် မီရှဲလ် ဖလာရီ ရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။