ဖျာပုံ ကျားပိုက်လုပ်ငန်း ဆုံးရှုံးမှု

ဓာတ်ပုံ ရင်းမြစ်, AFP
မတ်လလယ်က ရုတ်တရက် ပင်လယ်ပြင်မှာ လေပြင်းကျလို့ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်က ကျားပိုက်လုပ်ငန်းမှာ ကျပ်ငွေ သိန်းပေါင်း ခုနှစ်သောင်း နီးပါးဆုံးရှုံး ခဲ့တယ်လို့ ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
ရေလုပ်သား တသောင်း နှစ်ထောင်ခန့် မျောပါခဲ့ပြီး သေဆုံးသူ ပျောက်ဆုံးသူ ၆၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ကျားပိုက်လုပ်ငန်းမှာ အဆုံးအရှုံးများလို့ လုပ်ငန်းပြန်စဖို့ မလွယ်နိုင်တဲ့ အခြေအနေကို ဦးဘမော်က တင်ပြထားပါတယ်။