ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ရခိုင်မှာ အာရက္ခတပ်တော်ကို မြင့်မားတဲ့အခွန်နှုန်းထားတွေ ပေးဆောင်နေကြရတဲ့အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ပြော

- ပါကစ္စတန် ကြားဝင်မှုနဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတွက် အဆိုပြု သဘောတူချက်တွေကို မနေ့ညကဘဲ အမေရိကန် နဲ့ အီရန် အစိုးရတွေဆီ အသီးသီး ပေးပို့လိုက်ပြီလို့ ဆို - အစ္စရေးမြောက်ပိုင်း ဟိုင်ဖာမြို့မှာ တနင်္ဂနွေနေ့တုန်းက အီရန်ဒုံးကျည်တစင်းကြောင့် လူနေအဆောက်အအုံကို ထိမှန်ပြိုကျတဲ့ အပျက်အစီးအောက်က အလောင်း ၄ လောင်းကို ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေ ပြော - အီရန်က အကြီးဆုံး ရေနံချက်စက်ရုံ အဆာလူရာ့ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးခါ့ဇ်က ပြော - လက်ဘနွန် မြို့တော် ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးအရပ်က ဟစ်ဇဘိုလာ ပစ်မှတ်တွေကို ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပြီး မတ်လကစတဲ့ ပဋိပက္ခနောက်ပိုင်း လက်ဘနွန်မှာ သေဆုံးသူ တထောင့်လေးရာကျော်သွားပြီ - တောင်ကိုရီးယား ပိုင်နက်ထဲ မြောက်ကိုရီးယား ဒရုန်း ရောက်ရှိလာလို့ သမ္မတ အီဂျေမြောင် က စိတ်မကောင်းကြောင်း ထုတ်ဖော်ပြောလာ - ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်မှာ စည်းရိုးခတ်မထားတဲ့ မြစ်နဲ့ ရွံ့ညွှန်နေရာတွေမှာ မိကျောင်းနဲ့ မြွေတွေချထားပြီး လူတွေ ရွှေ့ပြောင်းဝင်ရောက်မှု တားဆီးဖို့ အိန္ဒိယ အစိုးရ စီစဉ်နေ စတဲ့အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းတွေနဲ့ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို