ပိုလီယိုရောဂါ အမြစ်ပြတ်အောင် သုတ်သင်နိုင်တော့မယ်

နှစ်ဆယ်ရာစု အတွင်းမှာ ခလေးငယ်တွေကို အန္တရာယ်ပေးနေတဲ့ ကြောက်မက်ဖွယ် ပိုလီယို ရောဂါ အမြစ်ပြတ် နှိမ်နင်းရေးကို မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။
မကြာခင်က စတင် အသုံးပြုခဲ့တဲ့ ပိုလီယို ကာကွယ်ဆေးသစ်ကို နိုင်ဂျီးရီးယားနဲ့ အိန္ဒိယနိုင်ငံတွေမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီး ရောဂါဖြစ်နှုန်း ၉၅ ရာခိုင်နှုန်း လျော့ကျသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ပိုလီယို ရောဂါ အများဆုံး ဖြစ်ကျန်ရစ်တဲ့ နောက်ဆုံး လေးနိုင်ငံထဲမှာ အိန္ဒိယနဲ့ နိုင်ဂျီးယားတို့ ပါဝင်ကြပါတယ်။
ခုနောက်ဆုံး တွေ့ရှိခဲ့တဲ့ ကာကွယ်ဆေးသစ်က အနာဂတ်မှာ ဒီရောဂါ အမြစ်ပြတ်အောင် သုတ်သင်ပေး နိုင်တော့မှာ ဖြစ်ပါတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ထိပ်တန်း အရာရှိ Dr. Bruce Aylward က ပြောပါတယ်။




