လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ရဲအချိန်မီရောက်ရေး- နားဆင်ပါ

ဓာတ်ပုံ ရင်းမြစ်, AFP
နားဆင်နိုင်ပါပြီ။
ရမ်းကားမှု ရာဇဝတ်မှု ဖြစ်တဲ့ အခါ ရဲ အချိန်မီ ရောက်ရေး ဆွေးနွေးခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် စမ်းချောင်း ဘက်မှာ မောင်းလာတဲ့ ကားတစီးကို လူတဦးက တိုက်ခိုက်ခဲ့ သလို၊ အဲဒီလူ ကပဲ ဆိုက္ကား စီးလာတဲ့ နောက်ထပ် အမျိုးသမီး တဦး ကိုလည်း ဓားနဲ့ ထိုးတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ ပါတယ်။
တိုက်ခိုက် ခံရတဲ့ ကားထဲက အမျိုး သမီး ကတော့ သူ့ အနေနဲ့ ရဲကို အကူ အညီ တောင်းဖို့ အတွက် 199 ကိုခေါ်ပေမယ့် ဖုန်းပြန် ဖြေမယ့်သူ မရှိဘူးလို့ ပြောပါတယ်။
အခုလို ရမ်းကား တိုက်ခိုက် မှုတွေ ဖြစ်တဲ့ အခါ မျိုးမှာ ရဲက အချိန်မီ အကူ အညီ ပေးနိုင်ဖို့ ဘာတွေ လိုအပ်နေ ပါလဲ။ စတာတွေကို သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာပါ။
ရန်ကုန်တိုင်း ရဲမှူးလှဝေ က ပင်တိုင် ဝင်ရောက် ဆွေးနွေး ပေးခဲ့သလို၊ ဥပဒေ အလင်းတန်း အဖွဲ့ ဥက္ကဌ ရှေ့နေ ဦးသိန်းဆွေ လည်း ဝင်ရောက်ဆွေးနွေး ခဲ့ပါတယ်။
ဝင်ရောက် ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူးတင် ပါတယ်။