လွတ်လပ်အတွေးဆွေးနွေးဖလှယ် - လယ်သမားချေးငွေ - နားဆင်ပါ

နားဆင်နိုင်ပါပြီ။
တောင်သူ လယ်သမား တွေ အတွက် စိုက်ပျိုး စရိတ် တစ်ဧက တစ်သိန်းခွဲ အစိုးရက ငွေချေးမယ့် အကြောင်း ဆွေးနွေး ခဲ့တာပါ။
အခု မိုးဦးကျ လယ်လုပ်ငန်း စတဲ့ အချိန် ဖြစ်တာကြောင့် တောင်သူ လယ်သမား တွေဘက်က သူတို့ရဲ့ လယ်ယာ လုပ်ငန်းခွင် အဆင်ပြေ တိုးတက်ဖို့ ဘာတွေ လိုလား နေပါလဲ။
အစိုးရက ထောက်ပံ့ကြေး ပေးမယ် ဆိုတဲ့ ပမာဏက လုံလောက်မှု ရှိပါ ရဲ့လား။
လယ်သမားတွေ တကယ် လိုချင် နေတဲ့ အကူ အညီမျိုး က ဘာပါလဲ။ စတာ တွေကို လယ်သမားကြီး တွေ အများစု ပါဝင် ဆွေးနွေးခဲ့ တာပါ။
ပင်တိုင် ဆွေးနွေး သူတွေ ကတော့ မြေပုံမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့ လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ အဖွဲ့ဝင် ဦးဖေသန်း နဲ့ တောင်သူ လယ်သမား များနှင့် မြေယာ လုပ်သားများ သမဂ္ဂ (မြန်မာနိုင်ငံ) အတွင်းရေးမှူး ဦးဝင်းရှိန်မြတ်တို့ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေး ခဲ့သူ အားလုံးကို အထူး ကျေးဇူး တင်ရှိပါတယ်။