လွတ်လပ်အတွေးဆွေးနွေးဖလှယ် - ပြည်ခိုင်ဖြိုး အနာဂတ်

ဓာတ်ပုံ ရင်းမြစ်, AP
နားဆင်နိုင်ပါပြီ။
USDP ပါတီ ရှင်သန်ရေး စိန်ခေါ်ချက် တွေ ရှိနေ ပြီလား ဆိုတာ ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။
အာဏာရ ပါတီ ဖြစ်ခဲ့ ဖူးတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ USDP အတွင်း ထိပ်ပိုင်း ခေါင်းဆောင် အချင်းချင်း ကြား အပြန် အလှန် စွပ်စွဲ မှုတွေ ဖြစ်ပေါ်နေ ပါတယ်။
အခုလို ပါတီတွင်း မညီညွတ်မှု ကြောင့် ပါတီ ရှင်သန်ရေးကို ဘယ်လောက် ထိခိုက်စေမလဲ ဆိုတာ သောတ ရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
USDP ပါတီကနေ ထုတ်ပယ် ခံလိုက်ရသူ တဦး ဖြစ်တဲ့ ပါတီ ဗဟိုအလုပ်မှုဆောင်ဟောင်း လည်းဖြစ် မန္တလေး တိုင်း တာဝန်ခံဟောင်း လည်း ဖြစ်သူ ဦးဇော်မြင့်ဖေ၊ USDP လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ တို့က ပင်တိုင် ဆွေးနွေး ပေးခဲ့ ကြပါတယ်။
ဝင်ရောက် ဆွေးနွေး ခဲ့သူ အားလုံးကို အထူး ကျေးဇူး တင်ပါတယ်။