လွတ်လပ်အတွေးဆွေးနွေးဖလှယ် ဓါတ်လိုက်သေဆုံးမှု နားဆင်ပါ

ဓာတ်ပုံ ရင်းမြစ်, MOI
နားဆင်နိုင်ပါပြီ။
ဓါတ်လိုက် သေဆုံးမှုတွေ အကြောင်း ဆွေးနွေးခဲ့ ကြတာပါ။
မြန်မာ နိုင်ငံမှာ မိုးတွင်း အစ အချိန် မှာတင် ဓါတ်လိုက် သေဆုံး မှုတွေ ရှိနေ တာနဲ့ ပတ်သက်ပြီး၊ အဲဒီလို မဖြစ်ရ အောင် အစိုးရ အနေနဲ့ ဘယ်လို အကာ အကွယ် ပေးမလဲ၊ ကျန်ရစ် သူ မိသားစုရဲ့ နစ်နာမှု တွေကို ဘယ်သူ က တာဝန်ယူ မလဲ ဆိုတာ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း နဲ့ စင်္ကာပူက လျှပ်စစ် အင်ဂျင်နီယာ ငြိမ်းချမ်းသန်းနိုင် တို့က နေ ဦးဆောင် ဆွေးနွေး ပေးခဲ့ ကြပါတယ်။