ကူးလ်တက် - လိုင်ဖိုင် အနာဂတ်

ဓာတ်ပုံ ရင်းမြစ်, Reuters
နားဆင်နိုင်ပါပြီ။
ဝိုင်ဖိုင် (WiFi) ထက် အဆ ပေါင်းများစွာ မြန်တဲ့ အလင်းလှိုင်း သုံး လိုင်ဖိုင် (LiFi) ချိတ်ဆက်မှု နည်းပညာ ဘယ်လောက် အထိ တိုးတက် လာနေပြီ လည်း ဆိုတာ တင်ဆက် ထားပါတယ်။
ဝိုင်ဖိုင် ကို ချိတ်ဆက်ပြီး လူအများ ရှယ်သုံး ကြတဲ့အခါ အင်တာနက် လိုင်း နှေးကွေး လျော့ကြ သွားတာမျိုး လိုင်ဖိုင်မှာ လုံးဝ မရှိပဲ၊ အမြန်နှုန်း အပြည့် ရကြမှာ ဖြစ်ပါတယ်။
နံရံ ကနေ ရောင်ပြန် လာတဲ့ အလင်းတန်း နဲ့လည်း လိုင်းချိတ် ဆက်လို့ ရတယ်။ အလင်းတန်းနဲ့ တိုက်ရိုက် မထိစေပဲ အင်တာ နက် ချိတ်ဆက် နိုင်နေပြီ ဆိုတဲ့ အထိ တိုးတက် ပြောင်းလဲ လာပြီ ဆိုတဲ့ အကြောင်း နားဆင် ကြရမှာပါ။
ကိုသက်ထွေးနိုင် စီစဉ် တင်ဆက် ထားပါတယ်။