တရုတ်မှာ ကလေး၂ဦးအထိ ယူဖို့ ခွင့်ပြုပြီ
တအိမ်ထောင် ကလေးတယောက်ယူရမယ်ဆိုတဲ့ စနစ်ကို တရုတ်နိုင်ငံက နှစ်၃၀ကျော်အတွင်းမှာ ပယ်ဖျက်လိုက်ပါတယ်။ လူဦးရေတိုးပွားမှု လျှော့ချဖိုအတွက် ၁၉၇၉ ခုနှစ်က ဒီစနစ်ကိုစတင်ခဲ့တာပါ။
အခုဆို မိသားစုတစုမှာ ကလေး နှစ်ယောက်ယူခွင့်ရမှာ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်လို့ ၄ရက်ကြာ စည်းဝေးပြီးနောက်မှာ ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။
ဒီစနစ်က တရုတ်မိသားစုတွေမှာ ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတာတော့ ဦးကိုကိုအောင်က ပြောပြထားပါတယ်။