ကူးလ်တက် - ကွန်ပျူတာ အသံထွက် နည်းပညာ

ဓာတ်ပုံ ရင်းမြစ်, thinzarphyo

ကူးလ်တက် - နားဆင်နိုင်ပါပြီ။

နည်းပညာ တိုးတက် လာတဲ့ ဒီကနေ့ ခေတ်မှာ မျက်မမြင် တွေဟာ သာမန် လူတွေနဲ့ တန်းတူ ကွန်ပျူတာ သုံး အလုပ် လုပ်နိုင် နေကြ ပြီ ဖြစ်ပါတယ်။

အဲဒီလို သုံးနိုင် အလုပ်လုပ် နိုင်ရေး အထောက် အကူပြု နည်းပညာ ဖြစ်တဲ့ Myanmar Text to Speech အကြောင်း တင်ဆက်ပေး ထားပါတယ်။

မြန်မာ ဆော့ဖ်ဝဲလ် နည်းပညာ သမား တဦး ဖြစ်တဲ့ မသဉ္ဇာဖြိုး ကနေ အကောင် အထည်ဖေါ် ဖန်တီး ထားတဲ့ အခု နည်းပညာ ကနေ မြန်မာ့ ဒစ်ဂျစ်တယ် နည်းပညာ လောက ဘယ်လောက် အထိ တိုးတက် အောင်မြင် လာနိုင် မလဲ ဆိုတာ တင်ဆက် ပေးထားပါတယ်။