မြန်မာ နိုင်ငံအနှံ့ ရေကြီးမှု

မြန်မာနိုင်ငံ တိုင်း ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးဒဏ် ခံစားနေရပြီး သိန်းနဲ့ချီတဲ့ လူတွေ ရေဘေး ဒုက္ခသည် ဖြစ်နေတယ်လို့ အစိုးရက ပြော

မြန်မာနိုင်ငံ တိုင်းဒေသကြီး ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးဒဏ် ခံစားနေရပြီး သိန်းနဲ့ချီတဲ့ လူတွေ ရေဘေး ဒုက္ခသည် ဖြစ်နေတယ်လို့ အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြော။
ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ တိုင်းဒေသကြီး ၁၄ ခု အနက် ၁၂ ခုမှာ ရေဘေးဒဏ် ခံစားနေရပြီး သိန်းနဲ့ချီတဲ့ လူတွေ ရေဘေး ဒုက္ခသည် ဖြစ်နေတယ်လို့ အစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ပြော။
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်က ကလေးမြို့မှာ ချင်းတောင်က ကျလာတဲ့ ရေတွေကြောင့် ကလေးမြို့ရဲ့ သမိုင်းမှာ မကြုံဘူးတဲ့ ရေကြီးမှုမျိုး ကြံနေရ။
ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် အစပ်က ကလေးမြို့မှာ ချင်းတောင်က ကျလာတဲ့ ရေတွေကြောင့် ကလေးမြို့ရဲ့ သမိုင်းမှာ မကြုံဘူးတဲ့ ရေကြီးမှုမျိုး ကြံနေရ။
ကလေးမြို့တော် ခန်းမ။ ကလေးမြို့ဟာ မြစ်ကမ်းနားမြို့ မဟုတ်လို့ စက်လှေတွေ အလွယ်တကူ သွားလာလို့ မရဘဲ လတ်တလော လေကြောင်း ဆက်သွယ်ရေး ကိုသာ အဓိက အားထားနေရတယ်လို့ ဆို။
ဓာတ်ပုံ ပုံစာ, ကလေးမြို့တော် ခန်းမ။ ကလေးမြို့ဟာ မြစ်ကမ်းနားမြို့ မဟုတ်လို့ စက်လှေတွေ အလွယ်တကူ သွားလာလို့ မရဘဲ လတ်တလော လေကြောင်း ဆက်သွယ်ရေး ကိုသာ အဓိက အားထားနေရတယ်လို့ ဆို။
ရေကြီးမှု မြေပြိုမှုတွေကြောင့် သေဆုံးသူ တစ်နိုင်ငံလုံးမှာ ၄၆ ယောက်ထက် မနည်းရှိသွားပြီလို့ အာဏာပိုင်တွေက ဆို။
ဓာတ်ပုံ ပုံစာ, ရေကြီးမှု မြေပြိုမှုတွေကြောင့် သေဆုံးသူ တစ်နိုင်ငံလုံးမှာ ၄၆ ယောက်ထက် မနည်းရှိသွားပြီလို့ အာဏာပိုင်တွေက ဆို။
ရခိုင်ပြည်နယ် အတွင်းမှာတင် သေဆုံးသူ ၃၀ ကျော်သွားပြီ။ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ဆို။
ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ် အတွင်းမှာတင် သေဆုံးသူ ၃၀ ကျော်သွားပြီ။ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက ဆို။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့ကို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေ အဖြစ် အစိုးရက ကြေညာထားပေမယ့် ကယ်ဆယ်ရေး စီမံချက်တွေ မရှိသလောက် ဖြစ်နေတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေ။
ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း တို့ကို သဘာဝ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေ အဖြစ် အစိုးရက ကြေညာထားပေမယ့် ကယ်ဆယ်ရေး စီမံချက်တွေ မရှိသလောက် ဖြစ်နေတဲ့ အပေါ် ဝေဖန်မှုတွေ ရှိနေ။
နေအိမ်တွေ ထောင်နဲ့ချီ ပျက်စီးခဲ့တဲ့ အပြင် စိုက်ခင်းတွေလည်း သောင်းနဲ့ချီ ရေမြုပ် ပျက်စီးခဲ့ရ။
ဓာတ်ပုံ ပုံစာ, နေအိမ်တွေ ထောင်နဲ့ချီ ပျက်စီးခဲ့တဲ့ အပြင် စိုက်ခင်းတွေလည်း သောင်းနဲ့ချီ ရေမြုပ် ပျက်စီးခဲ့ရ။
ပွင့်ဖြူ မြို့နယ်က ရေကြီးမှု အခြေအနေ။
ဓာတ်ပုံ ပုံစာ, ပွင့်ဖြူ မြို့နယ်က ရေကြီးမှု အခြေအနေ။
ဖလမ်းနဲ့ ဟားခါး မြို့တွေမှာလည်း အိမ်ပြိုမှုတွေ ဆက်ရှိနေပြီး တီးတိန် မြို့နယ် ထဲမှာလည်း အိမ် ၂၀ ကျော် ပြိုကျကြောင်း ကြားသိရ။
ဓာတ်ပုံ ပုံစာ, ဖလမ်းနဲ့ ဟားခါး မြို့တွေမှာလည်း အိမ်ပြိုမှုတွေ ဆက်ရှိနေပြီး တီးတိန် မြို့နယ် ထဲမှာလည်း အိမ် ၂၀ ကျော် ပြိုကျကြောင်း ကြားသိရ။
ကလေးမြို့တွင်း တစ်နေရာ။ လောလောဆယ်မှာ အစိုးရပိုင်းကရော ပုဂ္ဂလိက အလှုရှင်တွေကပါ ရေဘေး သင့်သူတွေအတွက် အကူအညီတွေ ပို့ဆောင်ပေးနေပေမဲ့ လုံလောက်မှု မရှိသေးဘူးလို့ ဒေသခံတွေက ပြော။
ဓာတ်ပုံ ပုံစာ, ကလေးမြို့တွင်း တစ်နေရာ။ လောလောဆယ်မှာ အစိုးရပိုင်းကရော ပုဂ္ဂလိက အလှုရှင်တွေကပါ ရေဘေး သင့်သူတွေအတွက် အကူအညီတွေ ပို့ဆောင်ပေးနေပေမဲ့ လုံလောက်မှု မရှိသေးဘူးလို့ ဒေသခံတွေက ပြော။
မကွေးတိုင်း သရက်မြို့နယ်က ရေဘေးသင့်သူတွေကို ကယ်ဆယ်မှု အခြေအနေ။
ဓာတ်ပုံ ပုံစာ, မကွေးတိုင်း သရက်မြို့နယ်က ရေဘေးသင့်သူတွေကို ကယ်ဆယ်မှု အခြေအနေ။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေ အတွက် ဆန်နဲ့ ဆေးဝါး ပစ္စည်းတွေ လှူဒါန်းခဲ့။
ဓာတ်ပုံ ပုံစာ, ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့က ရေဘေးဒုက္ခသည်တွေ အတွက် ဆန်နဲ့ ဆေးဝါး ပစ္စည်းတွေ လှူဒါန်းခဲ့။
ရေဘေးသင့် ဒေသတွေအားလုံးကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်နိုင်တဲ့ အနေအထား မရှိသေး။
ဓာတ်ပုံ ပုံစာ, ရေဘေးသင့် ဒေသတွေအားလုံးကို ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်နိုင်တဲ့ အနေအထား မရှိသေး။