လွတ်လပ် အတွေး ဆွေးနွေး ဖလှယ်
မင်္ဂလာပါ။
မြန်မာ နိုင်ငံမှာ အရက် ဘီယာ သောက်စား မှုဟာ ပိုမို များလာ နေပြီး အလေ့ အထ တခု ယဉ်ကျေးမှု တခုလို ဖြစ်လာ နေပါတယ်။
တဆက်တည်း မှာပဲ အရည် အသွေး မမီတဲ့ အရက် ဘီယာ ဝိုင်တွေ အများ အပြား ထုတ်လုပ် နေကြပြီး လူတွေ ရဲ့ ကျန်မားရေးကို ထိခိုက် လာနေတဲ့ အခြေ အနေဟာ ဘယ်လောက်တောင် ဆိုးဝါးလို့၊ ဒါကို ဘယ်လို အဖြေရှာကြ မလဲ ဆိုတာကို ဆွေးနွေး ထားတာ ဖြစ်ပါတယ်။
သောတရှင်တွေ နဲ့ အတူ လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ နေလင်း၊ အမေရိကန် ပြည်ထောင်စု က ဒေါက်တာ တင့်ဆွေ တို့လည်း ပါဝင် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။