ပြင်သစ်က ရှေးဟောင်း ဂူနံရံ ပန်းချီတွေကို ဘယ်လို ထိန်းသိမ်း
ပြင်သစ်နိုင်ငံတောင်ပိုင်းက အာဒက်ရှ် ဒေသမှာ ရှိတဲ့ ရှိဗေး ကျောက်ဂူကြီးထဲမှာ ကမ္ဘာ့အစောဆုံး ဂူနံရံပေါ်မှာ ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို တွေ့ရှိခဲ့ရပါတယ်။
ဒါပေမယ့် ဒီလက်ရာတွေ မပျောက်ပျက်စေဖို့ အတွက် ထိန်းသိမ်းတဲ့ အနေနဲ့ ဂူကြီးထဲ ဝင်ရောက် ကြည့်ရှုလို့ မရအောင် ပိတ်ပင်ထားခဲ့ပါတယ်။
အခုတော့အဲဒီ လက်ရာတွေကိုရော ကျောက်ဂူကြီးကိုပါ ပူတူ ကူးယူလို့ အများပြည်သူ ကြည့်ရှုနိုင်အောင် စီစဉ်နေပါပြီ။ ဘီဘီစီကို အဲဒီရှေးဟောင်းဂူထဲ ပေးဝင်ခဲ့ပါတယ်။
ဒီတော့ ဂူးဟောင်းနဲ့ ဂူသစ်ကို ယှဉ်တွဲပြီး ကြည့်ရအောင်ပါ။ ကိုကျော်စွာက ပြောပြမှာပါ။