အိုင်အက်စ်ကို လေကြောင်းက ဆက်တိုက်ခိုက်
အစ္စလာမ္မစ်နိုင်ငံလို့ ခေါ်တဲ့ အဖွဲ့က စစ်သွေးကြွတွေကို လေကြောင်း စစ်ဆင်မှုတွေ ထပ်လုပ်နေတယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။ အီရတ် မြောက်ပိုင်း အာဘီးလ်မြို့နဲ့ မြို့တော်ဘဂ္ဂဒက်အနီးက နေရာတွေကို တိုက်တာပါ။ အခု အကြမ်းဖက်အဖွဲ့တွေဟာ အစ္စလာမ်ဘာသာနဲ့ ဘာမှမဆိုင်တဲ့အဖွဲ့တွေ ဖြစ်တယ်လို့ မွတ်ဆလင် ခေါင်းဆောင်တွေရဲ့ ပြောစကားကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ထပ်လောင်း ပြောဆိုခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ထပ်တိုးလုပ်နေတာလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုကျော်စွာက ပြောပြမှာပါ။