BBC News,
မြန်မာ
အကြောင်းအရာများဆီ ကျော်သွားရန်
ကဏ္ဍများ
ပင်မစာမျက်နှာ
ရွေးကောက်ပွဲ
မြန်မာ့ရေးရာ
နိုင်ငံတကာ
ဆောင်းပါး
အင်တာဗျူး
ကုန်သွယ်စီးပွား
ဗီဒီယိုများ
ပင်မစာမျက်နှာ
ရွေးကောက်ပွဲ
မြန်မာ့ရေးရာ
နိုင်ငံတကာ
ဆောင်းပါး
အင်တာဗျူး
ကုန်သွယ်စီးပွား
ဗီဒီယိုများ
မလေးရှား လေယာဉ် ပျက်ကျမှု
ဒေတာကုန်ကျမှုသက်သာအောင် စာသားသက်သက်ဖတ်ရန်
၁၈ ဇူလိုင် ၂၀၁၄
အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းတဲ့ မလေးရှား လေကြောင်းပိုင် လေယာဉ် ပစ်ချခံရတယ်လို့ ဆို
ဓာတ်ပုံ ပုံစာ,
ယူကရိန်း အရှေ့ပိုင်း Donetsk မြို့နယ်က Grabovo ကျေးရွာအနီးမှာ ပျက်ကျသွားတဲ့ မလေးရှား လေယာဉ် MH17 ရဲ့ အပျက်အစီးတွေ မီးလောင်အပြီး တွေ့ရစဉ်။
ဓာတ်ပုံ ပုံစာ,
လေယာဉ်ဟာ ပေ ၃၃၀၀၀ အမြင့်မှာ ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတယ်လို့ ယူဆရ။
ဓာတ်ပုံ ပုံစာ,
ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က ဝင်ရောက် စစ်ဆေးနိုင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက တောင်းဆိုထား။
ဓာတ်ပုံ ပုံစာ,
လေယာဉ် ဦးပိုင်း အကြွင်းအကျန်။ ဒုံးကျည်နဲ့ ပစ်ချသူ လက်သည် အဖြစ် ယူကရိန်းနဲ့ ရုရှား အပြန်အလှန် စွပ်စွဲနေ။
ဓာတ်ပုံ ပုံစာ,
လေယာဉ်ပေါ် ပါသွားတဲ့ ၂၉၈ ဦး လုံး အသက်ဆုံးခဲ့ဖွယ် ရှိ။ ပျက်ကျရာ မီးလောင်ပြင်မှာ တွေ့ရတဲ့ လက်ပတ်နာရီ တလုံးရဲ့ အကြွင်းအကျန်။
ဓာတ်ပုံ ပုံစာ,
ပျက်ကျတဲ့ နေရာ အနီးမှာ တွေ့ရတဲ့ Grabovo ရွာ ဆိုင်းဘုတ်။ ဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ သူပုန်တွေက စုံစမ်းရေး အဖွဲ့ကို ဝင်ရောက်ခွင့် ပြုမယ်လို့ဆို။
ဓာတ်ပုံ ပုံစာ,
ခရီးသည် အလောင်းတွေကို လိုက်လံ စုဆောင်း ရှာဖွေစဉ်။ လေယာဉ်ရဲ့ Black Box တခုကိုလည်း ရှာတွေ့ခဲ့တယ်လို့ ဆို။
ဓာတ်ပုံ ပုံစာ,
မီးမလောင်ဘဲ ကျန်ရစ်ခဲ့တဲ့ ခရီးဆောင် အိတ်အချို့။
ဓာတ်ပုံ ပုံစာ,
လေယာဉ်ပေါ် ပါသွားသူ ၂၉၈ ဦးအနက် ဒတ်ချ်ခရီးသည် ၁၅၀ ကျော် ပါသွား။ မော်စကိုမြို့က ဒတ်ချ် သံရုံးရှေ့မှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းစည်းတွေ လာရောက် ချထားစဉ်။
You might also like:
news
|
sport
|
weather
|
worklife
|
travel
|
future
|
culture
|
world
|
business
|
technology