မုန်တိုင်း ခြေရာခံသူရဲ့ မုန်တိုင်း ဓာတ်ပုံများ

မုန်တိုင်း ခြေရာခံသူ Roger Hill နဲ့ သူ့ဇနီး Caryn တို့ဟာ ဒီနှစ်မှာ အမေရိကန်အနှံ့ မုန်တိုင်းတွေနောက် လိုက်လံခဲ့

Storm chaser
ဓာတ်ပုံ ပုံစာ, Oklahoma ပြည်နယ် Broken Bow မြို့က မိုးကြိုးမုန်တိုင်း စတင်ပုံ။ Roger Hill နဲ့ သူ့ဇနီး Caryn တို့ဟာ ဒီနှစ်မှာ အမေရိကန်အနှံ့ မုန်တိုင်းတွေနောက် ခြေရာခံလိုက်ခဲ့။
Storm chaser
ဓာတ်ပုံ ပုံစာ, Oklahoma ပြည်နယ် Broken Bow မြို့က မိုးကြိုးမုန်တိုင်းကို အနီးကပ်မြင်ကွင်း။ မုန်တိုင်းခြေရာခံသူ ဇနီးမောင်နှံဟာ ဒီနှစ်မှာ မိုင် ၅ သောင်းနီးပါး ခရီးနှင်ခဲ့။
Storm chaser
ဓာတ်ပုံ ပုံစာ, Oklahoma ပြည်နယ် Leedy မြို့မှာ ဖြစ်ပေါ်တဲ့ အကြီးစား မိုးကြိုးမုန်တိုင်း။ အတွင်းက လျှပ်စီးအရောင်ကြောင့် တိမ်တွေ အရောင်တောက်နေ။
Storm chaser
ဓာတ်ပုံ ပုံစာ, Kansas ပြည်နယ် South Haven မြို့က လေဆင်နှာမောင်း အသေးစား။ လေဆင်နှာမောင်းတွေဟာ မုန်တိုင်းခြေရာခံသူတွေအတွက် အန္တရာယ်အရှိဆုံး မုန်တိုင်းအမျိုးအစား ဖြစ်။
Storm chaser
ဓာတ်ပုံ ပုံစာ, Kansas ပြည်နယ် Sanford မြို့အနီး ဖြစ်ပေါ်တဲ့ လေဆင်နှာမောင်း။ အမေရိကန်ရဲ့ အနောက်အလယ်ပိုင်း ပြည်နယ်တွေမှာ လေဆင်နှာမောင်းတွေ မကြာခဏ ဖြစ်ပေါ်။
Storm chaser
ဓာတ်ပုံ ပုံစာ, Wyoming ပြည်နယ် Moorcroft မြို့လေးအနီးမှာ ဖြစ်ပေါ်တဲ့ မိုးကြိုးမုန်တိုင်းမှာ လျှပ်စီးတွေ ထိုးကျနေစဉ်။
Storm chaser
ဓာတ်ပုံ ပုံစာ, Oklahoma ပြည်နယ် Duncan မြို့မှာ ဖြစ်ပေါ်တဲ့ မိုးကြိုးမုန်တိုင်း။ မုန်တိုင်းတစ်ခုစီဟာ တစ်မျိုးစီ ကွဲပြားကြတာချည်းပဲလို့ ခြေရာခံသူ Roger Hill က ဆို။
Storm chaser
ဓာတ်ပုံ ပုံစာ, Colorado ပြည်နယ် အနောက်မြောက်ပိုင်းက Julesburg မြို့အနီး မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်ချိန်မှာ မြေပေါ်ကို မိုးကြိုးပစ်လိုက်စဉ် အမိအရ ရိုက်ယူ။
Storm chaser
ဓာတ်ပုံ ပုံစာ, Kansas ပြည်နယ် Bennington မြို့အနီးမှာ တစ်မိုင်လောက် အပြန့်ကျယ်တဲ့ လေဆင်နှာမောင်း တစ်နာရီလောက်ကြာအောင် အရှိန်ယူနေစဉ်။
Storm chaser
ဓာတ်ပုံ ပုံစာ, မုန်တိုင်း အစပျိုးနေချိန်မှာ ရိုက်ယူထားတဲ့ နောက်တစ်ပုံ။ မုန်တိုင်းပေါင်း ၆၇၀ ကို ကိုယ်တိုင်ကြုံဖူးခဲ့ပြီး အကြိမ်တိုင်းမှာ စိတ်လှုပ်ရှားတာချည်းပဲလို Roger က ဆို။