နှစ်ပေါင်း ၈၀ ကျော် မီးလောင်နေတဲ့ အိန္ဒိယက ကျောက်မီးသွေးတွင်း

အိန္ဒိယ အရှေ့ပိုင်းက Jharia ကျောက်မီးသွေးတွင်းဟာ မြေအောက်မှာ မီးလောင်နေခဲ့တာ နှစ်ပေါင်း ၈၀ ကျော် ကြာသွားပါပြီ

indian coal fire
ဓာတ်ပုံ ပုံစာ, အိန္ဒိယ အရှေ့ပိုင်းက Jharia ကျောက်မီးသွေးတွင်းဟာ မြေအောက်မှာ မီးလောင်နေခဲ့တာ နှစ်ပေါင်း ၈၀ ကျော် ကြာအောင် မငြှိမ်းသတ်နိုင်သေးပါဘူး။
indian coal fire
ဓာတ်ပုံ ပုံစာ, နေရာတချို့မှာဆိုရင် မြေပြင်ပေါ်မှာပါ လောင်ကျွမ်းလျက် ရှိပါတယ်။
indian coal fire
ဓာတ်ပုံ ပုံစာ, Jharia ရဲ့ ပတ်ဝန်းကျင် တစ်ခွင်လုံးကို မီးအပူရှိန်နဲ့အတူ မသတီစရာ ညှော်နံ့ဆိုးက ဖုံးလွှမ်းထားပါတယ်။
indian coal fire
ဓာတ်ပုံ ပုံစာ, အပူရှိန်နဲ့အတူ အဆိပ်သင့် မီးခိုးငွေ့တွေက ဒီနယ်တဝိုက်က လူတွေရဲ့ ကျန်းမာရေးအပြင် သစ်ပင်တွေကိုပါ ဒုက္ခပေးနေပါတယ်။
indian coal fire
ဓာတ်ပုံ ပုံစာ, အဆိပ်သင့် မီးခိုးငွေ့တွေကြားက ဖြတ်သန်းသွားလာသူ မိန်းကလေးငယ်တစ်ဦး။
indian coal fire
ဓာတ်ပုံ ပုံစာ, ဒီဒေသဟာ လူနေထိုင်ဖို့ မသင့်သော်လည်း ကျောက်မီးသွေးတွင်းကို မှီခိုနေကြရသူတွေကတော့ ဝမ်းရေးကြောင့် မစွန့်ခွာနိုင်ကြပါဘူး။
indian coal fire
ဓာတ်ပုံ ပုံစာ, ကျောက်မီးသွေးတွင်းအနီး Kujama ရွာက ၇၅ နှစ်အရွယ် ပန်းနာရင်ကြပ် ရောဂါသည်တစ်ဦး။
indian coal fire
ဓာတ်ပုံ ပုံစာ, နှစ်အတန်ကြာ မီဒီယာတွေရဲ့ အလေးထား ဖော်ပြမှုတွေအပြီး အခုတော့ အစိုးရက ပြန်လည်နေရာချထားရေး စီမံကိန်းတစ်ခုကို ကြေညာလိုက်ပါတယ်။
indian coal fire
ဓာတ်ပုံ ပုံစာ, အာဏာပိုင်တွေက ဒီဒေသကို စွန့်ခွာဖို့ ဆော်သြထားပေမယ့် ထိရောက်မှု မရှိသေးပါဘူး။
indian coal fire
ဓာတ်ပုံ ပုံစာ, မီးလောင်မြေက ရတဲ့ ကျောက်မီးသွေး အစအနတွေကို မှောင်ခိုစျေးကွက်မှာ ရောင်းရင်း ဝမ်းကျောင်းကြပါတယ်။
indian coal fire
ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သူတို့ရဲ့ အိမ်တွေပါ မီးလောင်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
indian coal fire
ဓာတ်ပုံ ပုံစာ, မြေပြိုလို့ သေဆုံးရသူတွေလည်း ၅ ဦးထက်မနည်း ရှိခဲ့ပါသေးတယ်။