ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ လူပေါင်း ထောင်နဲ့ချီပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြ ပါတယ်။
ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ လူပေါင်း ထောင်နဲ့ချီပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြ ပါတယ်။
၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး အဲဒီတုန်းက ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ကို ရာထူးကဖြုတ်ချခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လုပ်နေတာကို ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး အဲဒီတုန်းက ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်ကို ရာထူးကဖြုတ်ချခဲ့ပြီးနောက် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လုပ်နေတာကို ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
အဲဒီ တုန်းက မျက်ကွယ် ထောင်ဒဏ် ချမှတ်ထားတဲ့ မစ္စတာ သက်ဆင်ကိုလည်း နောက်ဆုံးမှာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှာကို အမျိုးသားရေး ဝါဒီတွေက စိုးရိမ်နေကြတာပါ။
ဓာတ်ပုံ ပုံစာ, အဲဒီ တုန်းက မျက်ကွယ် ထောင်ဒဏ် ချမှတ်ထားတဲ့ မစ္စတာ သက်ဆင်ကိုလည်း နောက်ဆုံးမှာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမှာကို အမျိုးသားရေး ဝါဒီတွေက စိုးရိမ်နေကြတာပါ။
ဒီအတွက် မကြာသေးခင် နှစ်တွေတုန်းက ဖြစ်ပွား ခဲ့တဲ့ နိုင်ငံရေး အကြမ်း ဖက်မှုတွေ ထပ်ဖြစ်လာ မလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
ဓာတ်ပုံ ပုံစာ, ဒီအတွက် မကြာသေးခင် နှစ်တွေတုန်းက ဖြစ်ပွား ခဲ့တဲ့ နိုင်ငံရေး အကြမ်း ဖက်မှုတွေ ထပ်ဖြစ်လာ မလားဆိုပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
သက်ဆင်ရဲ့ ညီမ ယင့်လတ် ရှင်နာဝပ် က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်နေတဲ့ အခု အစိုးရ ကတော့ ဘန်ကောက်မြို့မှာ လုံခြုံရေးကို တိုးချလိုက်ပါတယ်။
ဓာတ်ပုံ ပုံစာ, သက်ဆင်ရဲ့ ညီမ ယင့်လတ် ရှင်နာဝပ် က ဝန်ကြီးချုပ်အဖြစ် ဦးဆောင်နေတဲ့ အခု အစိုးရ ကတော့ ဘန်ကောက်မြို့မှာ လုံခြုံရေးကို တိုးချလိုက်ပါတယ်။
နောက်ပြီး ဘန်ကောက်မြို့ တချို့နေရာတွေမှာ လုံခြုံရေး ဆိုင်ရာ စည်းကမ်းချက်တွေ ချမှတ်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, နောက်ပြီး ဘန်ကောက်မြို့ တချို့နေရာတွေမှာ လုံခြုံရေး ဆိုင်ရာ စည်းကမ်းချက်တွေ ချမှတ်ထားပါတယ်။
ဆန္ဒပြသူတွေကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို ရှေ့အပတ်မှာ အရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတွေကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို ရှေ့အပတ်မှာ အရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။