မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်း တိုက်ခိုက်ခံရ
ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာက စစ်ရှောင်ပြည်သူ ခြောက်ရာခန့် နေထိုင်နေတဲ့ မုန်လိုင်ခက်ရွာမှာ မနေ့အောက်တိုဘာ ၉ ရက်ည သန်းခေါင်အချိန်မှာ တိုက်ခိုက်ခံရမှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေး တစ်ဒါဇင်ကျော်အပါအဝင် လူ ၂၉ ယောက် သေဆုံးခဲ့ရကာ ဒဏ်ရာရသူ ၆၀ နီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ နှစ်ဖက်တုံ့ပြန်ချက်နဲ့ ဒေသခံတွေပြောကြားချက်တွေက ဘာတွေပါလဲ။ အပြည့်အစုံကို မညိုလဲ့ရည်က ပြောပြပေးသွားမှာပါ။