ကလေးသူငယ် ပညာရေးနဲ့ အေအိုင်

ဗီဒီယို ပုံစာ, ကလေးသူငယ် ပညာရေးနဲ့ အေအိုင်

အေအိုင်ခေါ် ဉာဏ်တုနဲ့ ပတ်သက်လို့ နည်းပညာပိုင်းတိုးတက်မှုတွေ အားကောင်းလာတာနဲ့ အမျှ ယူကျုလို လူကြီး ကလေးပါမကျန် ကြည့်လို့ရတဲ့ နေရာတွေမှာလည်း သိပ္ပံသတင်းအချက်အလက် မှားတွေ တဟုန်ထိုး များလာတာကို ဘီဘီစီရဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းမှား စောင့်ကြည့်ရေး အဖွဲ့က တွေ့ခဲ့ရပါတယ်။ ယူကျုမှာ တင်နေကြတဲ့ ချန်နယ်ပေါင်း ၅၀ ကျော်ဟာ အေအိုင်နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေကို တင်နေကြတာဖြစ်ပြီး တချို့ဆို ကြည့်ရှုသူပေါင်း သန်းနဲ့ချီပြီး ရှိနေပါတယ်။ အွန်လိုင်းပေါ် ကလေးသူငယ် ဘေးကင်းလုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူကတော့ ယူကျုရဲ့ အဲလ်ဂိုရစ်သမ်ကလည်း ဒီလို အငြင်ပွားစရာ အချက်တွေကို အသားပေးတတ်ကြောင်းနဲ့ ဒီလို အချက်အလက်မှားတွေက ကလေးတွေအတွက်လည်း မကောင်းတဲ့ အကြောင်း ပြောပါတယ်။ ဂျက်ကီ ဝိတ်ခ်ဖီးလ်ဒ်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။