ကန်လွှတ်တော် ဥက္ကဋ္ဌ ဖယ်ရှားခံရ

ဗီဒီယို ပုံစာ, ကန်လွှတ်တော် ဥက္ကဋ္ဌ ဖယ်ရှားခံရ

အမေရိကန် အောက်လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက္ကာသီ ကို မဲခွဲပြီး ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ အခုလို လွှတ်တော် တပတ် မနားခင်မှာ လွှတ်တော် ဥက္ကဋ္ဌတယောက် ဖယ်ရှားခံရမှုဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အကြိမ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌဆိုတာ လွှတ်တော်ကို ဦးဆောင်သူလည်း ဖြစ်သလို သမ္မတ နေရာအတွက် လည်း ဒုတိယ အရံ ဖြစ်ပါတယ်။ အခုတော့ အမေရိကန် အုပ်ချုပ်ရေး စနစ်ရဲ့ ထိပ်ပိုင်း တနေရာမှာ အနည်းဆုံး သီတင်း တပတ်လောက် လူလစ်လပ်နေတော့မှာ ဖြစ်ပါတယ်။ မြောက်အမေရိက သတင်းထောက် ရွှန် ဒီလီရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။