ကုလားတန်စီမံကိန်းနဲ့ ရေကြောင်း ကုန်သွယ်မှု အတားအဆီးများ
အိန္ဒိယက တည်ဆောက်ထားတဲ့ ကုလားတန်ဘက်စုံသုံးစီမံကိန်းက စစ်တွေဆိပ်ကမ်းကို ပြည်တွင်း ကမ်းရိုးတန်းသွားသင်္ဘောတွေ ဆိုက်ကပ်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီဆိပ်ကမ်းကို အသုံးပြုခွင့်ရရှိလာတာကြောင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေရဲ့ တချို့အစိတ်အပိုင်းတွေမှာ မြန်ဆန်ချောမွေ့မှုတွေရှိလာပေမယ့် ပြည်ပနိုင်ငံတွေနဲ့ ရေလမ်းကြောင်းကုန်သွယ်ခွင့်ကတော့ တားမြစ်မှုတွေရှိနေသေးတယ်လို့ လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။ ကိုမြင့်လွင်က ပြောပြမှာပါ။