ဘုရားသုံးဆူမှာ စစ်ကောင်စီ ယန္တရား ရပ်ဆိုင်းပြီလို့ ဒေသခံတွေပြော
ထိုင်း-မြန်မာနယ်စပ်မြို့ ဘုရားသုံးဆူမှာတော့ စစ်ကောင် စီရဲ့ ရုံးတွေပိတ်ထားသလို၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို မြို့က လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုင်တွယ်ဖြေရှင်းပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဘုရားသုံးဆူအပါအဝင် ကရင်ပြည်နယ်ထဲက မြို့နယ်တွေရဲ့ အခြေအနေတွေနဲ့ သတင်းအပြည့်အစုံကို မစန္ဒာ၀င်းက ပြောပြမှာပါ။