ယူကရိန်း စစ်ပွဲအတွင်း သေဆုံးသူ တိုးလာ
စစ်ပွဲတွေတိုင်းမှာ အစိုးရတွေရော စစ်တပ်တွေကပါ အထိအခိုက် အကျအဆုံး အရေအတွက်နဲ့ ပတ်သက်လို့ သိပ်ပြီး မပြောချင်ကြပါဘူး။ အရေအတွက်က တဘက်ရန်သူရဲ့ စိတ်ဓာတ်ကို တက်ကြွစေသလို ကိုယ့် ဘက်မှာ စိတ်ဓာတ်ကျစရာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒါဟာ တိုက်ပွဲတွေ ဖြစ်နေတာ ၁၈ လ ကြာပြီ ဖြစ်တဲ့ ယူကရိန်းမှာ အကျအဆုံး အရေအတွက်နဲ့ ပတ်သက်လို့ နှစ်ဘက်စလုံးမှာ သဲသဲကွဲကွဲ မသိရတာတဲ့ အကြောင်းအရင်းတွေ ထဲက တခု ဖြစ်ပါတယ်။ ဒါပေမယ့် ထောင်သောင်းချီပြီး ကျဆုံးခဲ့ကြပြီး ဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ အမေရိကန် ခန့်မှန်းထားသလောက် ဆိုရင် လွန်ခဲ့တဲ့ ၂ လလောက်က ယူကရိန်းဘက်က တန်ပြန် ထိုးစစ်တွေ စတင်ခဲ့တဲ့ အချိန်နောက်ပိုင်း အသေအပျောက် အရေအတွက် သိသိသာသာ တက်လာခဲ့ပါတယ်။ နေ့စဉ် နေ့တိုင်း သေဆုံးသူတွေကို မြှုပ်နှံဖို့ မြေကျင်းပေါင်း ရာနဲ့ချီ တူးနေရပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာဆို နေကြာခင်းတွေ နေရာမှာ သင်္ချိုင်းရာတွေ အစားထိုး ဝင်ရောက်လာကြပါတယ်။ ဘီဘီစီသတင်းထောက် ကွင်တင် ဆမ်းမားဗီးလ်နဲ့ ဓာတ်ပုံသတင်းထောက် ဒါရဲန် ကောန်းဝေးတို့ အဲဒီကနေ ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘို က ပြန်ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။