စစ်ကိုင်းတိုင်း အင်းတော်မှာ စစ်ခုံရုံးက လူ ၄ ဦးကို သေဒဏ်ချမှတ်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ခုံရုံးကနေ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို သြဂုတ်လ ၁၈ ရက်က သေဒဏ်ချခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးအဖြစ်သတ်မှတ်ခံထားရတဲ့ အင်းတော်မြို့နယ်ထဲက စစ်ခုံ ရုံးက အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ခုံ ရုံးကြောင့် မျှတတဲ့ တရားစီရင်ရေး မရကြသလို၊ အယူခံခွင့်လည်း မရရှိကြပါဘူး။ ပဋိပက္ခဒေသ စစ်ခုံရုံးတွေရဲ့ အခြေအနေနဲ့ သတင်းအပြည့် အစုံကို ကိုတင်အောင်ကျော်က ပြောပြမှာပါ။