ဗာဂနာ အဖွဲ့ခေါင်းဆောင် ပါတဲ့ လေယာဉ်ပျက်ကျ
ယူကရိန်း စစ်ပွဲမှာ ရုရှားဘက်က ဝင်တိုက်ခဲ့တဲ့ ဗာဂနာ ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ရဲ့ခေါင်းဆောင် ယက်ဂေးနီ ပရီဂေါ့ဂျင်ဟာ လေယာဥ်ပေါ်လိုက်ပါလာသူတွေ အားလုံး သေဆုံးသွားတဲ့ လေယာဥ်ပျက်ကျမှုက ခရီးသည်စာရင်းမှာ ပါဝင်တယ်လို့ ရုရှားလေကြောင်းအာဏာပိုင်တွေက ဆိုပါတယ်။
စိန့်ပီတာစဘတ်ကနေ မော်စကိုကို ပျံသန်းလာတဲ့ အဲဒီဂျက်လေယာဥ်မှာ ခရီးသည် ၇ ဦးနဲ့ လေယာဥ်အမှုထမ်း ၃ ဦး လိုက်ပါသွားတာ ဖြစ်ပြီး လေယာဉ်ပေါ် ပါသူ ၁၀ ဦးစလုံးရဲ့ အလောင်းတွေကို တွေ့ရှိတဲ့အကြောင်း အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
အခုတော့ ဘယ်လို အကြောင်းတွေကြောင့် ပျက်ကျခဲ့ရသလဲ ဆိုတာ သိဖို့ စုံစမ်းမှုတွေ စတင်နေပြီ ဖြစ်သလို ရဲကလည်း ပျက်ကျခဲ့တဲ့ တဗီယာ ဒေသကို ပိတ်ထားပြီ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ရုရှား ဆိုင်ရာ အယ်ဒီတာ စတိ ရိုဆင်ဘတ်ဂ်က ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။